ဘီးလင်းမြို့ဘိုးလှကြီးရပ်ကွက်ရှိ (အ.မ.က)ဘိုးလှကြီးကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပ

Powered by Drupal

   မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် ၂၂.၁.၂၀၂၄ ရက်နေ့တွင် ဘီးလင်းမြို့၊ ဘိုးလှကြီးရပ်ကွက်ရှိ (အ.မ.က) ဘိုးလှကြီးကျောင်း၌ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

    အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ဘီးလင်းမြို့နယ်တာဝန်ခံ ဒေါ်ဇင်ဖြူဝင်း ဦးစီးမှူးမှ ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်တာဝန်များ၊ လုပ်ငန်းတာဝန်များအကြောင်း ဟောပြောဆွေးနွေး၍ ဒုတိယဦးစီးမှူး ဦးစည်သူမှ စားသုံးသူအခွင့်အရေး (၈) ချက်နှင့် တာဝန် (၄) ချက်အကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်နော်အေးမို့မို့မှ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှသာလျှင် စိတ်ချယုံကြည်စွာရွေးချယ်ဝယ်ယူ အသုံးပြုစားသုံး ကြစေရန်နှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများနှင့် တိုင်ကြားနိုင်မည့်နေရာများအကြောင်းအား အကျယ်တဝင့် ဟောပြောဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာစုလှိုင်နှင့် ဆရာ/ဆရာမ (၆)ဦး ကျောင်းသား/ကျောင်းသူ (၄၇) ဦးတို့ တက်ရောက်၍ ဌာနမှ လက်ကမ်းစာစောင်များနှင့် ဂျာနယ်များကို ဖြန့်ဝေပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)