မကွေးပွဲရုံနှင့် ရေနံချောင်းပွဲရုံတို့၏ ကြက်သွန်နီအရောင်းအဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးစျေးကွက်အတွင်း စားဖိုဆောင်သုံးသီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်နီစျေးနှုန်းများကျဆင်းလျက်ရှိပါသည်။ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (တတိယပတ်)တွင်  ကြက်သွန်နီ (၁)ပိဿာလျှင် ကျပ်(၁၇၀၀-၂၂၀၀-၂၅၀၀)ဖြစ်ပြီး (ပထမပတ်)တွင် ကျပ်(၂၂၀၀-၂၉၀၀-၃၂၀၀)ဖြစ်ခဲ့သောကြောင့် ကျပ်(၅၀၀-၇၀၀-၇၀၀)ကျဆင်းလာကြောင်း၊ ရေနံချောင်း၊ ပခုက္ကူ၊ မြစ်သားမြို့တို့မှ ဝယ်ယူကြောင်း၊ ကြက်သွန်နီများကို ပွဲရုံမှတစ်ဆင့် မင်းဘူး၊ သရက်၊ ကံမ၊ နတ်မောက်၊ ငဖဲမြို့များမှ ပြန်လည်ဝယ်ယူကြပြီး တစ်နေ့လျှင် ပိဿာချိန်(၁၀၀၀)ခန့်၊ တစ်ပတ်လျှင် တန်ချိန်(၉)တန်ခန့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပွဲရုံများမှသိရှိရပါသည်။

   ရေနံချောင်းစျေးကွက်တွင်လည်း ဒေသထွက်ကုန်ဖြစ်သော ကြက်သွန်နီစျေးနှုန်းများမှာ ဇန်နဝါရီလ(တတိယပတ်)တွင် ကြက်သွန်နီ (၁)ပိဿာလျှင် ကျပ်(၁၂၀၀-၁၆၀၀-၂၀၀၀)ဖြစ်နေပြီး (ပထမပတ်)တွင် ကျပ်(၁၆၀၀-၂၄၀၀-၂၈၀၀)ဖြစ်ခဲ့သောကြောင့် ကျပ်(၄၀၀-၈၀၀-၈၀၀)စျေးနှုန်းကျဆင်းလာကြောင်း၊ ကြက်သွန်နီများကို ပွဲရုံမှတစ်ဆင့် ရန်ကုန်၊ ပြည်၊ အောင်လံမြို့သို့တင်ပို့ချပြီး တစ်နေ့လျှင် ပိဿာချိန်(၁၀၀၀၀)ခန့်၊ တစ်ပတ်လျှင် တန်ချိန်(၉၇)တန်ခန့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပွဲရုံများမှသိရှိရပါသည်။

DOCA(မကွေး)