အထက်မင်းလှမြို့၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော ဆန်ဈေးနှုန်းများ

Powered by Drupal

         မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့သည် စိုက်ပျိုးရေးဒေသဖြစ်သော်လည်း စပါးစိုက်ဧကနည်းပြီး ဆန်မှာအခြားဒေသတိုင်းများမှ ဝယ်ယူတင်သွင်းရသောဒေသဖြစ်ပါသည်။ မင်းလှမြို့သို့ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ရေဦးမြို့နှင့် မကွေးတိုင်း၊ မကွေး၊ မင်းဘူး၊ စလင်း၊ ဆင်ဖြူကျွန်းနှင့် ဧရာဝတီတိုင်း၊ ဖျားပုံ၊ ပုသိမ်၊ မြောင်းမြ၊ မြန်အောင်၊ ကြံခင်း၊ ဟင်္သတမြို့တို့မှ ဆန်အိတ်များဝင်ရောက်လျက်ရှိကြောင်းသိရှိရပါသည်။

           ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(တတိယပတ်)တွင်အထက်မင်းလှမြို့၌ ဖြစ်ပေါ်လျက်ရှိသော ဆန် ဈေးနှုန်း ဧရာပဒေသာဆန် ရွှေပိုးအိမ်(၂၄)ပြည်(၁)အိတ်လျှင် ကျပ်(၁၅၀၀၀၀)၊ စိန်ရတီ (စိမ်း) (၂၄)ပြည်(၁)အိတ်လျှင် ကျပ်(၁၅၀၀၀၀)၊ စိန်ရတီ(နီ)(၂၄)ပြည် (၁)အိတ်လျှင် ကျပ်(၁၁၈၀၀၀)၊ စိန်ရတနာဧရာ(၂၄)ပြည်(၁)အိတ်လျှင် ကျပ်(၁၂၃၀၀၀)၊ စိန်ပုလဲဧရာ(၂၄)ပြည်(၁)အိတ်လျှင် ကျပ် (၁၂၀၀၀၀)၊ ကုန်းဇောင်း(အလွတ်)(၂၄)ပြည်(၁)အိတ်လျှင် ကျပ်(၁၄၃၀၀၀)၊ မနောသုခ (၂၄)ပြည် (၁)အိတ်လျှင် ကျပ်(၉၃၀၀၀)၊ ပေါ်ဆန်း(ရွှေဘို) (၂၄)ပြည် (၁)အိတ်လျှင် ကျပ်(၁၇၈၀၀၀)၊ ဧရာ ပေါ်ဆန်း(၂၄)ပြည်(၁)အိတ်လျှင် ကျပ်(၁၅၂၀၀၀)၊ ရက်(၉၀)(၂၄)ပြည်(၁)အိတ်လျှင် ကျပ်(၉၇၀၀၀)၊ ဖယောင်းရွှေစင်(၂၄)ပြည်(၁)အိတ်လျှင် ကျပ်(၉၂၀၀၀) ဈေးအသီးသီးဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ယခင်ဇန်နဝါရီလ(ဒုတိယပတ်)နှင့်နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် စိန်ရတနာဧရာ(၁) အိတ်လျှင် ကျပ်(၃၀၀၀)ဈေးမြင့်ခဲ့ပြီး စိန်ပုလဲဧရာ(၁)အိတ်လျှင် ကျပ်(၅၀၀၀)၊ မနောသုခ(၁)အိတ်လျှင် ကျပ်(၁၅၀၀)၊ ပေါ်ဆန်း(ရွှေဘို)(၁)အိတ်လျှင် ကျပ်(၃၀၀၀)အသီးသီးဈေးနှုန်းလျော့ကျခဲ့ပြီး ကျန်ဆန်ဈေးနှုန်းများမှာတည်ငြိမ်လျက်ရှိကြောင်း အထက်မင်းလှမြို့၊ အမှတ် (၉)ရပ်ကွက်နေ ဆန်ရောင်းချသည့်ဆန်ကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)