ရွှေဘိုဈေးကွက်၌ ဇန်နဝါရီလ (တတိယပတ်)တွင် ပဲစင်းငုံ(နီ)များ အရောင်းအဝယ်ဖြစ်

Powered by Drupal

   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများ၏ အရောင်းအဝယ်ဖြစ်မှုတင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရာ ဇန်နဝါရီလ၊ တတိယပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံနှင့် ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းခဲ့ရာ ဇန်နဝါရီလ၊ ဒုတိယပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ ပဲစင်းငုံ(နီ၊ ဖြူ)များ စတင်ဝင်ရောက်ခဲ့သော်လည်း တတိယပတ်တွင် ပဲစင်းငုံ(နီ)တစ်မျိုးတည်းသာ ဝင်ရောက်ခဲ့ကြောင်း၊ ယခုဇန်နဝါရီလ တတိအပတ်တွင် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းမှာ ပဲစင်းငုံ(နီ)တစ်တင်းလျှင် (၁၁၂၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ(၁၃၅၀၀)တင်း/(၄၄၁)တန်ဖြစ်ကြောင်း၊ ယခင်ဇန်နဝါရီ ဒုတိယအပတ်နှင့် ယခုတတိအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲစင်းငုံ(နီ)တစ်တင်းလျှင် (၁၁၀၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်ထက် ပဲစင်းငုံ(နီ)တစ်တင်းလျှင် (၂၀၀ဝိ/-)ဈေးပိုရရှိခဲ့ကြောင်းနှင့် ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)