ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၁၂)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ဒေးဒရဲမြို့၊ နံသာချောင်း အ.မ.က ရှိ ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။
ဟောပြောပွဲတွင် ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူတို့၏အခွင့်အရေးနှင့်တာဝန်များ၊ တားမြစ်ကုန်စည်များနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများ၊ စားသုံးသူများနစ်နာဆုံးရှုံးမှုရှိလာပါက တိုင်ကြားနိုင်မှုအခြေအနေများနှင့် ရွေးချယ်စားသုံးသင့်သည့် အစားအစာများအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ဆရာ/ဆရာမ ( ၆ )ဦး၊ ကျောင်းသား / ကျောင်းသူ( ၈၅ )ဦး၊ စုစုပေါင်း(၉၁)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)