စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၃-၁-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် စားသုံးဆီအမျိုးမျိုးကို ဈေးကွက်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဒု-ဦးစီးမှူး ဒေါ်နီလာဦးအပါအဝင် ဝန်ထမ်း(၄)ဦးတို့သည် အင်းစိန်မြို့နယ်၊ မြို့သစ်ဈေး၊ ဈေးတာဝန်ခံအပါ (၃)ဦးတို့နှင့်အတူ စားသုံးဆီအမျိုးမျိုးဖြစ်သော Lotus၊ မေဇင်၊ ဒီဒီ၊ Goody၊ Cook၊ အမေထွားအမှတ်တံဆိပ်ပါ စားသုံးဆီများတွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်စည်များတွင်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါဝင်မှုရှိ/မရှိ စစ်ဆေးခဲ့ရာ ပြည့်စုံစွာပါရှိကြောင်းတွေ့ရှိရပါသည်။
ဆက်လက်၍ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ အမှတ်(၅)ရပ်ကွက်ဈေးသို့လည်းကောင်း၊ လှည်းကူးမြို့နယ်၊ တိုက်ကြီးမြို့နယ်၊ မှော်ဘီမြို့နယ်တို့ရှိ မြို့မဈေးများ၌လည်း စားသုံးဆီအမျိုးမျိုးကွင်းဆင်းစစ်ဆေးခြင်းကို တစ်ပြိုင်တည်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)