စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး၏ ညွှန်ကြားချက်အရ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မင်္ဂလာတောင်ညွန့်မြို့နယ်၊ MAKRO သို့ (၂၂-၁-၂၀၂၄) ရက်နေ့တွင် သွားရောက်၍ မြေပြင်ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
အဆိုပါကွင်းဆင်းစစ်ဆေးမှူများကို ဦးနေလင်း (ဒုကြီးကြပ်ရေးမှူး) နှင့်အတူ ဝန်ထမ်း(၃)ဦးသည် MAKRO ၏ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ MAKRO အတွင်းရောင်းချနေသော စားသုံးဆီအမျိုးမျိုးနှင့် ကလေးတစ်ကိုယ်ရည်သုံးပစ္စည်းများဖြစ်သော Baby Mild, KoDoMo, Annaku, စသည့်အမှတ်တံဆိပ်များရှိသည့် ရေချိုးဆပ်ပြာ၊ ပေါင်ဒါ၊ ခေါင်းလျော်ရည်၊ Lotion, Cream, Diaper စသည့်ပစ္စည်းများကိုစစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ရေးသားဖော်ပြထားသည်ကိုတွေ့ရှိရပြီး သက်ဆိုင်ရာတာဝန်ခံများကိုလည်း MAKRO အတွင်းရောင်းချမည့် ကုန်စည်များနှင့်ပတ်သက်ပြီး စားသုံးသူကာကွယ်ရေးဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်ကိုက်ညီမှုရှိသော ကုန်စည်များ၊ ကုန်ညွှန်းအမှတ်အသားပြည့်စုံစွာပါရှိသော ကုန်ပစ္စည်းများကိုသာရောင်းချရန်လိုအပ်ကြောင်း အသိပညာပေးပြောကြားခဲ့မှုကိုသိရှိရပါသည်။
DOCA(ရန်ကုန်)