စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး၏ ညွှန်ကြားချက်အရ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ပုဇွန်တောင်မြို့နယ်၊ ရေကျော် City Mark သို့ (၂၃-၁-၂၀၂၄) ရက်နေ့တွင် သွားရောက်၍ မြေပြင်ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
အဆိုပါကွင်းဆင်းစစ်ဆေးမှုများကို ဒေါ်အေးအေးမော် (ဌာနခွဲစာရေး) နှင့်အတူ ဝန်ထမ်း (၂)ဦးသည် ရေကျော် City Mark ရှိ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ City Mark အတွင်းရောင်းချနေသော စားသုံးဆီအမျိုးမျိုးနှင့် ကလေးတစ်ကိုယ်ရည်သုံးပစ္စည်းများဖြစ်သော Baby Mild, KoDoMo, Annaku, စသည့်အမှတ်တံဆိပ်များရှိသည့် ရေချိုးဆပ်ပြာ၊ ပေါင်ဒါ၊ ခေါင်းလျော်ရည်၊ Lotion, Cream, Diaper စသည့်ပစ္စည်းများကို စစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ရေးသားဖော်ပြထား သည်ကိုတွေ့ရှိရပြီး သက်ဆိုင်ရာတာဝန်ခံများကိုလည်း City Mark အတွင်းရောင်းချမည့် ကုန်စည်များနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီမှုရှိသော ကုန်စည်များကိုသာရောင်းချရန်လိုအပ်ကြောင်း အသိပညာပေးပြောကြားခဲ့မှုကိုသိရှိရပါသည်။
DOCA(ရန်ကုန်)