ဘီးလင်းမြို့ မင်္ဂလာဈေးနှင့် နီလာဈေးရှိကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီအမျိုးမျိုးအား ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

   မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၃.၁.၂၀၂၄ ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ဘီးလင်းမြို့၊ မင်္ဂလာဈေး (ဘိုးရာဇာရပ်ကွက်)နှင့် နီလာဈေး(ကန်သာယာရပ်ကွက်)ရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီအမျိုးမျိုးတို့အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည်။

   ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ပြည်ပမှ တင်သွင်းသော စားသုံးဆီအမျိုးမျိုး၊ နှင့် ပြည်တွင်းမှ ထုတ်လုပ်သော မြေပဲဆီ၊ နေကြာဆီ၊ ပဲပိစပ်ဆီ အမျိုးမျိုးတို့တွင် စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ အခန်း (၁၈) တွင် ပြဌာန်းထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ၊ စစ်ဆေးခဲ့ရာ ပြည့်စုံမှန်ကန်ကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆိုင်ရှင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပြည့်စုံသော ကုန်စည်များ၊ သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုထောက်ခံချက်ပါရှိသော ကုန်စည်များ၊ ဘေးအန္တရာယ်ကင်းရှင်သော ကုန်စည်များကိုရောင်းချရန် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

DOCA(မွန်)