မုံရွာမြို့တွင် ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

Powered by Drupal

   ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ တတိယပတ်အတွင်း မုံရွာမြို့နယ်အတွင်း အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည် (၆၂၅၀) ကျပ်၊ ဧရာမင်းဆန်တစ်ပြည် (၆၀၀၀)  ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီ တစ်ပိဿာလျှင် (၅၇၀၀) ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင် (၁၂၅၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၁၂၅၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ လက်လီတစ်ပိဿာလျှင် (၂၀၀၀) ကျပ်မှ (၃၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ လက်လီ (ဗမာ) တစ်ပိဿာလျှင် (၁၅၀၀၀) ကျပ်မှ (၁၆၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ (ရှမ်း) တစ်ပိဿာ လျှင် (၁၃၀၀၀) ကျပ်မှ (၁၄၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ လျှင် (၁၃၅၀၀)ကျပ်မှ (၁၄၅၀၀) ကျပ်ထိ၊ ချင်းတက်တစ်ပိဿာလျှင် (၄၅၀၀) ကျပ်မှ (၅၀၀၀) ကျပ်ထိ၊ ငရုတ်ခြောက် အမျိုးအစားအလိုက်  (၁၃၀၀၀)  ကျပ် မှ (၁၄၀၀၀) ကျပ်ထိ၊ အာလူးတစ်ပိဿာလျှင် (၃၀၀၀) ကျပ် မှ (၃၅၀၀) ကျပ်ထိ၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၁၀၀၀) ကျပ်မှ (၁၂၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိပါသည်။

    ကြက်ဥလက်လီဈေးနှုန်းမှာ အကြီးတစ်လုံး (၃၀၀) ကျပ်၊ အသေးတစ်လုံး (၂၅၀) ကျပ်၊ ဘဲဥ(ကြီး) တစ်လုံး (၄၀၀) ကျပ်၊ သေးတစ်လုံး (၃၅၀) ကျပ်ရှိသည်။ မုံရွာမြို့၏ သား/ ငါးဈေးနှုန်းမှာ ကြက်သား(အကောင်လိုက်) (CP) တစ်ပိဿာလျှင် (၈၅၀၀) ကျပ်မှ  (၉၀၀၀) ကျပ်ထိ ၊ ကြက်သား (ဗမာ) တစ်ပိဿာလျှင် (၁၉၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်မှ (၂၂၀၀၀) ကျပ်ထိ၊ အမဲသား တစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်မှ (၂၀၀၀၀)ကျပ်ထိ၊ ငါးကြင်းတစ်ပိဿာလျှင် (၉၀၀၀) ကျပ် တို့ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်းသိရ ပါသည်။

   ဇန်နဝါရီလ တတိယပတ်အတွင်း အခြေခံစားကုန်ဈေးနှုန်းများနှင့် ယခင် ဇန်နဝါရီလ ဒုတိယအပတ်ဈေးနှုန်းများ နှိုင်းယှဉ်လျှင် ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည် (၂၅၀)ကျပ်၊ ဧရာမင်းဆန်တစ်ပြည် (၃၀၀)ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင် (၂၀၀) ကျပ် ဈေးနှုန်းမြှင့်တက်ရှိကာ ကြက်သွန်နီ လက်လီ တစ်ပိဿာလျှင် (၁၀၀၀) ကျပ် ဈေးနှုန်းကျလျက်ရှိပြီး အခြေခံစားကုန်ဈေးနှုန်း များကွာဟမှုမရှိ ကြောင်း မုံရွာမြို့၊ ကန်သာယာဈေး  ဈေးရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)