ကန့်ဘလူမြို့နယ်အတွင်း ဇန်နဝါရီလတွင် ပွဲရုံများ၌ အရောင်းအဝယ်ဖြစ်နေသော သီးနှံများ

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်စေရန်ဟူသော မျော်မှန်းချက်နှင့်အညီ အသင်းအဖွဲ့များ အစုအဖွဲ့များ ဖွဲ့စည်းပေးပြီး ပိုမိုအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ပွဲရုံများ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုများကိုလည်း  တင်း/ တန် စာရင်းတို့ဖြင့် အပတ်စဉ်၊ လစဉ် တင်ပြလျက်ရှိပါသည်။

    ကန့်ဘလူပွဲရုံများအနေဖြင့် ဒီဇင်ဘာလကုန်ပိုင်း မှ ဇန်နဝါရီလ လကုန်ပိုင်းအထိ ပွဲရုံသို့ဝင်ရောက် အရောင်းအဝယ်ဖြစ်နေသော သီးနှံအမျိုးအစား၏ ဒေသပေါက်ဈေးနှုန်းများ၊ အဝင် /အထွက် တင်း/တန် များ၏ အရောင်းအဝယ်ဖြစ်မှုအခြေအနေများမှာ ပဲစဉ်းငုံ(နီ)(၁၈၆၀)တင်း/(၁၇၀.၉၅)တန် ဈေးနှုန်းမှာ ကျပ်(၁၁၁၀၀၀)၊ ပဲစဉ်းငုံ(ဖြူ)(၃၃)တင်း/(၃.၀၃)တန် ဈေးနှုန်းမှာ ကျပ်(၁၀၁၀၀၀)၊ နှမ်းနက်(၁၆၅၀) တင်း/(၁၂၁.၃၂)တန် ဈေးနှုန်းမှာ ကျပ်(၁၁၀၀၀၀) ၊ နှမ်းဖြူ(၅၂၅) တင်း/(၃၈.၆၀)တန် ဈေးနှုန်းမှာ ကျပ်(၁၁၀၀၀၀) ၊ မတ်ပဲ(၃၀၀)တင်း/ (၂၇.၅၇)တန် ဈေးနှုန်းမှာ ကျပ်(၈၈၀၀၀)ပေါက်ဈေးရှိပြီး ဘိလပ်စေ့(၆၀)တင်း/(၄.၄၁)တန်ဈေးနှုန်းမှာ ကျပ်(၆၀၀၀၀)ပေါက်ဈေးရှိကြောင်း သိရသည်။

   ယခုကာလမှာဆိုလျှင်တော့ ပဲစဉ်းငုံ ၊ နှမ်း(နက်)များ အဝင်/ အထွက် ပေါများဆုံးအချိန်ဖြစ်ပြီး  မိမိတို့ပွဲရုံမှ သီးနှံများကို မန်းလေးမြို့ ဇောတိကပွဲရုံသို့ တင်ပို့ ရောင်းချလျက်ရှိကြောင်း ကန့်ဘလူမြို့ ပေါ်ရှိ  ပွဲရုံပိုင်ရှင်တစ်ဦးထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)