မင်းလှမြို့နယ်၏ ပဲမျိုးစုံဈေးကွက်အခြေအနေ

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ရှိ မတ်ပဲဈေးကွက်အခြေအနေမှာ  ဒီဇင်ဘာလ တတိယပတ်နှင့် စတုတ္တပတ်တို့တွင် ပိဿာ (၂၀) ဝင်တစ်တင်းလျှင် (၉၅၀၀၀) ကျပ် ဖြစ်ခဲ့သော်လည်း ဇန်နဝါရီလ တတိယပတ်နှင့် စတုတ္ထပတ်တို့တွင် (၉၇၇၀၀) ကျပ်ရှိခဲ့၍ (၂၇၀၀)ကျပ်ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ ယခုဇန်နဝါရီ စတုတ္ထပတ်တွင် ပဲပုတ် (၂၀)ပိဿာဝင် တစ်တင်းလျှင် (၅၃၆၀၀) ကျပ်၊ ပဲရင်း(၂၀) ပိဿာဝင်တစ်တင်းလျှင် (၆၃၆၀၀) ကျပ်ဈေးနှုန်းဖြင့် ဝယ်ယူလျက်ရှိကြောင်း၊  မင်းလှမြို့မှ ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ တစ်ရက်ခြားလျှင် ကားနှစ်စီးမှ သုံးစီးခန့်အထိတင်ပို့ရကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)