ဆပ်ပြာခရင်(မ်)အမျိုးမျိုးနှင့် ဆေးဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာနရှိ ဝန်ထမ်းများသည် “ထုတ်ကုန်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက”ဆိုသည့်အတိုင်း စျေးကွက်အတွင်းရှိ ကုန်စည်များ၌ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ဖော်ပြပါဝင်ရမည့်အချက်အလက်များ ပြည့်စုံမှန်ကန်စွာဖော်ပြထားခြင်းရှိ/မရှိနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏  ညွှန်ကြားချက် (၂/၂၀၁၉)အရ ကုန်စည်အုပ်စု(၈)ခုတွင် ပါရှိရမည့်အချက်အလက်များ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါသည်။

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးမြို့နယ်တာဝန်ခံသည် (၂၂.၁.၂၀၂၄)ရက်နေ့၊ နံနက်(၀၈:၃၀) နာရီအချိန်တွင် မကွေးမြို့၊ ကန်သာစျေး၌ရောင်းချနေသော ဆပ်ပြာခရင်(မ်)အမျိုးမျိုး၌ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာ ဖော်ပြထားခြင်းရှိ/မရှိနှင့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အရ ဖော်ပြပါရှိရမည့် အမျိုးအမည်၊ အသားတင်ပမာဏနှင့် ဓါတ်မတည့်ကြောင်း ဖော်ပြချက်များ ဖော်ပြထားရှိမှုရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

    ဆက်လက်၍ နံနက်(၁၀:၀၀)မှ (၁၂:၃၀)နာရီအထိ မကွေးမြို့ပေါ်ရှိ ဆေးဆိုင်များနှင့် အထူးကုဆေးခန်းများတွင် သက်တမ်းလွန်နေသောဆေးဝါးများနှင့် တရားမဝင်တင်သွင်းလာသော တားမြစ်ထားသည့် ဆေးဝါးများရောင်းချမှုရှိ/မရှိအား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်းပြီး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)