စစ်ကိုင်းတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန၊တိုင်းဒေသကြီးဦးစီးမှူးရုံး၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းကျင်းပ

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး ၊စားသုံးသူရေးရာဦးစီးဌာန၊မုံရွာမြို့ တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ခေတ္တတိုင်းဒေသကြီး ဦးစီးမှူး ဦးဆောင်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းကို (၂၄.၁.၂၀၂၄) ရက်နေ့မှ (၂၅.၁.၂၀၂၄)ရက်နေ့ထိ သင်တန်းသား/သင်တန်းသူ (၂၀)ဦးဖြင့်   ဖွင့်လှစ်ခဲ့ ကြောင်းသိရှိရပါသည်။

    အဆိုပါသင်တန်းတွင် ဒုတိယညွှန်ကြားရေးမှူး ဦးဝေဖြိုးထက်က အဖွင့်အမှာစကားပြောကြားရာ သင်တန်းသား/သူများအား ဝန်ထမ်းများအား မိမိတို့ဌာနမှ ဆောင်ရွက်နေသော စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းစဉ်များ၊ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ အကောင် အထည်ဖော်ဆောင်ရွက်ရာတွင်လည်းကောင်း၊ ဝန်ထမ်းများ အရည်အသွေးတိုးတက်စေပြီး လုပ်ငန်းများ ကျွမ်းကျင်မှုရှိစေရန်နှင့် ဌာန၏လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်နိုင်စေရန်အတွက် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ဝန်ထမ်းစည်းမျဉ်း /စည်းကမ်းများနှင့် အညီနေထိုင်ကြရန်နှင့် ဝန်ထမ်း အသစ်များအနေဖြင့် ကြိုးစား၍ အသိပညာ၊အတတ်ပညာများ သင်ယူလေ့လာစေ လိုကြောင်း၊ သင်တန်းမှ ပို့ချသောဘာသာရပ်များကိုလည်း မှတ်သားနာယူ၍  “ စွမ်းဆောင်ရည်မြင့်မား ကျင့်စဉ်ခုနှစ်ပါး” ခေါင်းစဉ်ဖြင့် ဝန်ထမ်း အားလုံး တာဝန်သိစိတ်ဖြင့်အလုပ်လုပ်ကြရန်၊  အမြန်လုပ်ရမည့် အလုပ် ၊ဦးစားပေးဆောင်ရွက်ရမည့်အလုပ်၊ အမှားအယွင်းမရှိအ‌ရေးတကြီးလုပ်ဆောင်ရမည့် အလုပ်.၊ နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည့် အလုပ်၊မိမိကိုယ်ကို ထက်မြက်စေရန် လွှကဲ့သို့သွေးနေရန် ဝန်ထမ်းများ အရည်သွေးမြင့်မားစေရန် သင်တန်းပို့ချသောဘာသာရပ်များအား အလေးထားမှတ်သား လိုက်နာ ဆောင်ရွက်ကြရန် ပြောကြားခဲ့ပြီး   တိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ငွေစာရင်းဌာနခွဲတာဝန်ခံ ဒေါ်‌‌‌ဝေဝေ ( ဦးစီးအရာရှိ )က သာမန် အသုံးစရိတ်စာရင်းတွင် အသုံးပြုရမည့် ဘတ်ဂျက်ခေါင်းစဉ် အမှတ် အသားများ အကြောင်းကို လည်းကောင်း၊ ဦးမောင်မောင်သိန်း (ဦးစီးအရာရှိ)က ဝန်ကြီးဌာန၏ မျှော်မှန်းချက်၊ရည်မှန်းချက်၊ ဖွဲ့စည်းပုံအကြောင်း၊ စားသုံးသူကာကွယ်ရေးဆိုင်ရာဥပဒေများအကြောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု ဌာနခွဲတာဝန်ခံ ဒေါ်အေးမြင့်ငြိမ်း (ဦးစီးအရာရှိ)က ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ သိကောင်းစရာများအကြောင်း ရှင်းလင်းဆွေးနွေးခြင်းနှင့် ဈေးကွက် ဈေးကွက် စောင့်ကြည့်ခြင်းနှင့် စောင့်ကြည့်စစ်ဆေးရာတွင်လိုက်နာရမည့်အချက်များအကြောင်းကိုလည်းကောင်း၊ စားသုံးသူ ရေး ရာဌာန ခွဲတာဝန်ခံ ဒေါ်ခိုင်မို့မို့ (ဦးစီးအရာရှိ )က  နှစ်စဉ် ဆောင်ရွက်လျက်ရှိသော ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ ဆောင်ပုဒ်များ အကြောင်း၊ မြန်မာနိုင်ငံ စားသုံးသူကော်မရှင်၏ အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဆောင်ရွက်နေမှုများအကြောင်းကိုလည်းကောင်း၊ သက်ဆိုင်ရာဘာသာရပ်အလိုက်  အသီးသီးဆွေးနွေးပို့ချခဲ့ကြပြီး သင်တန်းသား /သူများက အပြန်အလှန်ဆွေးနွေးမေးမြန်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ ဝန်ထမ်းစွမ်း ဆောင်ရည် မြှင့်တင်ရေးသင်တန်းကို  အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)