၂.၂.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မော်လမြိုင်ခရိုင်ဦးစီးမှူး၊ ချောင်းဆုံမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ချောင်းဆုံမြို့နယ် အ.ထ.က(ကမာကေး)ကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။
အဆိုပါ ဟောပြောပွဲတွင် ကျောင်းအုပ်ကြီး ဒေါ်မော်မော်မြင့်က အဖွင့်အမှာစကားပြောကြား ခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝါဝါမြိုင်က စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်း ရသည့်ရည်ရွယ်ချက်၊ စားသုံးသူအခွင့်အရေးအပြည့်အဝရရှိရန် ရည်ရွယ်ချက်(၈)ချက်နှင့် သတိပြုရမည့် အချက်များကို ရှင်းလင်းဆွေးနွေးခြင်း၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေး၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း၊ ကုန်အညွှန်းအမှတ်အသားများနှင့်စပ်လျဉ်း၍ လိုက်နာရမည့်အချက်များကို ရှင်းလင်းဆွေနွေးခဲ့ပြီး စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် နေရာနှင့် ဖုန်းဖြင့်တိုင်ကြားမည်ဆိုပါက Hotline Number (1535) ကိုလည်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း ရှင်းလင်းဟောပြောဆွေးနွေးခဲ့ပါသည်။
ဟောပြောပွဲသို့ ဆရာ/ဆရာမ (၂၀)ဦးနှင့် ကျောင်းသား/ကျောင်းသူ (၂၄၈) ဦး တက်ရောက်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးထံသို့ လက်ကမ်းစာစောင်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မွန်)