ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မအူပင်ခရိုင်ဦးစီးမှူးရုံးအောက်ရှိ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဒေါ်ချိုမီဇင်(ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် (၁.၂.၂၀၂၄) ရက်နေ့ ၊နံနက်(၀၉:၄၅) နာရီ အချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ နတ်ပေး (အ.ထ.က) ကျောင်းတွင် အသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြသည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ၊ ပြည်သူများ သိမှတ်ဖွယ်ရာ ဗဟုသုတများနှင့် စာဖတ်ခြင်းအကျိုးကျေးဇူး အကြောင်းကိုလည်းကောင်း၊ အသိပညာပေးဟောပြောပြီး၊ စားသုံးသူရေးရာဦးစီးဌာန ညောင်တုန်းမြို့နယ်ဦးစီးမှူး ဒေါ်ချိုမီဇင်က စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ဆိုင်ရာအချက်အလက်များကို ရှင်းလင်းပြီး ကုန်စည်များကို ဝယ်ယူအသုံးပြုရာတွင် ကုန်အညွှန်းအမှတ် အသားပြည်စုံစွာပါဝင်သော ကုန်စည်များကို ရွေးချယ်ဝယ်ယူအသုံးပြုတက်စေရန် ရှင်းလင်းဆွေးနွေးပြီး၊ စားသုံးသူနစ်နာဆုံးရှုံးမှုရှိလာပါက မိမိတို့၏ အခွင့်အရေးကို နည်းလမ်းမှန်ကန်စွာ အသုံးချတက်စေရန် အရေးဆိုတိုင်ကြားနိုင်ပြီး၊ မိမိတို့ဌာနမှ တိုင်ကြားမှုများကိုလက်ခံညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးနေမှု အခြေအနေအားလည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ(၁၅၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်၍ ကျောင်းမုန့်ဈေးတန်းတွင် ရောင်ချနေသော မုန့်ဆိုင်လုပ်ငန်းရှင်များအား တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ကျန်းမာရေးကို ဂရုစိုက်နေထိုင်ရန်နှင့် ရောင်းချနေသော မုန့်များတွင် ကုန်အညွှန်းအမှတ်အသားပါဝင်သော ကုန်စည်များကိုသာ ဦးစားပေးရောင်းချရန်၊ FDA ဌာနမှ တားမြစ်ထားသောမုန့်များကို ရောင်းချခြင်းမပြုရန်၊ လိုက်နာမှုမရှိပါက သက်ဆိုင်ရာဌာနတို့၏ ဥပဒေအတိုင်း အရေးယူဆောင်ရွက်ခံရမည်ဖြစ်၍ လေးစားလိုက်နာဆောင်ရွက်ရန် အသိပညာပေးခဲ့ကြောင်း သိရပါသည်။
DOCA(ဧရာဝတီ)