ဖျာပုံမြို့ ချောင်းတွင်းစက်စုကျေးရွာ၊ အမှတ်(၂၁) အခြေခံပညာမူလတန်းကျောင်းတွင် ဆရာ/ဆရာမများ၊ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်မှူး ဦးစိုးမင်းထိုက်၊ မြို့နယ်တာဝန်ခံ ဦးမင်းဇော်နှင့်ဝန်ထမ်းများသည် ၂၀၂၄ ခုနှစ်၊ဖေဖော်ဝါရီလ(၂) ရက်နေ့ ၊နံနက် (၁၁:၁၅) အချိန်တွင် ဖျာပုံမြို့ ချောင်းတွင်းစက်စုကျေးရွာ၊ အမှတ်(၂၁) အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူ (၂၈၆)ဦး၊ ဆရာ/ဆရာမ (၉) ဦးတို့အား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပါသည်။

    အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးမင်းဇော်မှ စားသုံးသူ ကာကွယ်ရေး ဥပဒေပါ စားသုံးသူတို့၏ အခွင့်အရေးနှင့်တာဝန်များ၊ တားမြစ်ကုန်စည်များနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များအကြောင်း၊ တာရှည်ခံဆိုးဆေးများအကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ မပါဝင်သော မုန့်များကို ဝယ်ယူစားသုံးခြင်း မပြုကြရန်နှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် စင်တာများ ဖွင့်လှစ်ထားရှိကြောင်း၊ လူကိုယ်တိုင်ဖြစ်စေ၊ လူမှုကွန်ယက်မှဖြစ်စေ တိုင်ကြားနိုင်သလို call center 1535 မှလည်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)