စားသုံးသူရေးရာဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ ဦးသိန်းထိုက်အောင်(ဒု-ဦးစီးမှူး)၊ ဦးကီးအောင်လိန်း(ဒု-ဦးစီးမှူး)၊ မြို့နယ်ရဲတပ်ဖွဲ့ရုံးမှ ဦးအောင်သန်းဝင်း(မြို့နယ်ရဲတပ်ဖွဲ့မှူး) ပြည်နယ် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဦးတင်မောင်သိန်း(ဦးစီးအရာရှိ)နှင့် ပြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးကျော်ဝင်းထွဋ် (ဒု-ဦးစီးမှူး)နှင့်တို့သည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ဟားခါးမြို့ ပြည်တော်ရပ်ကွက်ရှိ ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အရည်အသွေးပြည့်မီခြင်းမရှိသော ကျန်းမာရေးဆိုင်ရာ ဘေးအန္တရာယ်ဖြစ်စေသော စားသောက်ကုန်ပစ္စည်းများ ဈေးကွက်အတွင်း ရှိ/မရှိ စစ်ဆေးခြင်း၊ ကုန်ပစ္စည်းများတွင် ကုန်အညွှန်း အမှတ်အသား ပြည့်စုံမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် သက်တမ်းလွန်စားသောက်ကုန်ပစ္စည်းများ လူသုံးကုန်ပစ္စည်းများ ရှိမရှိ စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထို့နောက် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက စားသုံးကုန်ပစ္စည်းသော်လည်းကောင်း၊ လူသုံးကုန်ပစ္စည်းသော်လည်ကောင်း၊ အဆိုပါကုန်စည််တစ်မျိုးမျိုးကို ဖြန့်ဖြူးရောင်းချရာတွင် စားသုံးသူပြည်သူများ အတွက် ရုပ်ပိုင်းဆိုင်ရာသော်လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာသော် လည်းကောင်း ထိခိုက်နစ်နာမှု မရှိစေရန် ယခုလို လစဉ်ဈေးကွက်အတွင်း ရှောင်တခင်လာရောက် ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ပြီး ကုန်စုံဆိုင်ရောင်းချသူများအနေဖြင့်လည်း သက်ဆိုင်ရာဌာနများ၏ လမ်းညွှန်ချက်များ၊ အကြံပြုချက်များကို ဆက်လက်ဝိုင်းဝန်း ပူးပေါင်းပေးကြရန် ရှင်းလင်းမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ချင်း)