ဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်သူလူထုအား စားသုံးသူကာကွယ်ရေးအသိပညာပေးအစီအစဉ်များကို မြေပြင်အရောက်ကွင်းဆင်း၍သော်လည်းကောင်း၊ရုံးဌာနများတွင်ခေါ်ယူတွေ့ ဆုံ၍သော်လည်းကောင်း ၊ online မှ သော်လည်းကောင်း ၊ ရုပ်မြင်သံကြားအစီအစဉ်များဖြင့်လည်း ကောင်း ၊ facebookစာမျက်နှာများမှသော်လည်းကောင်း ၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းဖြင့်လည်းကောင်း နည်းမျိုးစုံဖြင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

          ၂၀၂၂ ခုနှစ် ၊ ဇန်နဝါရီလ(၂၀)ရက်နေ့၌ မန္တလေးတိုင်းဒေသကြီး၊မြင်းခြံခရိုင်၊ငါန်းဇွန် မြို့နယ် ဂျိုကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် နံနက် (၀၉:၃၀) မှ(၁၁:၃၀)နာရီ အချိန်ထိလည်းကောင်း ၊ (၂၁) ရက်နေ့မှာ ငါန်းဇွန်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် နံနက် (၁၀:၃၀)မှ(၁၁:၃၀)နာရီအချိန်ထိလည်းကောင်း၊(၂၂)ရက်နေ့၌ကျောက်တလုံးကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် နံနက်(၁၀:၀၀) မှ (၁၁:၃၀)နာရီ အချိန်ထိလည်းကောင်း မြို့ နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ နယ် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

              အဆိုပါဟောပြောပွဲများတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သတင်းမှားသတင်းမှန်ခွဲခြားသိမြင်စေရေးနှင့်ပါတ်သက်၍ ဟောပြောဆွေးနွေးခဲ့ပြီး မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊စားသုံးသူများအနေဖြင့် ကုန်ပစ္စည်းများဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြပါရှိသော ကုန်ပစ္စည်းများကိုသာ ဝယ်ယူသုံးစွဲကြရန်နှင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက အရေးဆိုတိုင်ကြားနိုင်ကြောင်း ဟောပြောဆွေနွေးခဲ့ပြီး၊မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှကိုယ်လက် လှုပ်ရှား အားကစားအလေ့အကျင့်များကြောင့် ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်သည့် အပြင်အသိဉာဏ်ပညာဖွံဖြိုးရေးအတွက်လည်း အထောက်အကူဖြစ်စေကြောင်း စသည်ဖြင့်အားက စားနှင့်ပါတ်သက်၍ဟောပြောဆွေးနွေးခဲ့ပြီး အားကစားပစ္စည်းများပေးအပ်ခဲ့ပါသည်။၎င်းဟောပြောပွဲများ၌ ဂျိုကျေးရွာအခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ၊ဆရာမနှင့်ကျောင်းသားကျောင်းသူ စုစုပေါင်း(၁၅၀)ဦး ၊ ငါန်းဇွန်အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ၊ဆရာမနှင့်ကျောင်းသားကျောင်းသူ စုစုပေါင်း (၁၅၅) ဦးနှင့် ကျောက်တလုံးအခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရှိ  ဆရာ၊ဆရာမနှင့်ကျောင်းသားကျောင်းသူ စုစုပေါင်း(၁၃၃) ဦး အသီးသီးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။         

စားသုံးသူရေးရာဦးစီးဌာန

မန္တလေးတိုင်းဒေသကြီး