ကန့်ဘလူမြို့(အ.ထ.က)ခွဲကျောင်း ညောင်အိုင်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲဆောင်ရွက်

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်းသည့် အသိပညာဗဟုသုတများကို စားသုံးသူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် Online မှသော်လည်းကောင်း၊ မြေပြင်ကွင်းဆင်း၍လည်းကောင်း အသိပညာပေး ဟောပြောပွဲများကို ဆောင်ရွက်လျက်ရှိပါသည်။

       စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများကို ဆောင်ရွက်ရာတွင် စားသုံးသူအားလုံး တစ်ပြေးညီ အသိပညာဗဟုသုတများ၊ အခွင့်အရေးများ ရရှိစေရန်အတွက် မြို့ပေါ်ရပ်ကွက်၊ ကျေးရွာ၊ ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများ၊ အသင်းအဖွဲ့များနှင့် တပ်ရင်းတပ်ဖွဲ့များမကျန် လစဉ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ကန့်ဘလူမြို့၊ (အ.ထ.က)ခွဲ ကျောင်း ညောင်အိုင်တွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူတို့ကို စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်အိမွန်ကျော် အငယ်တန်းစာရေးက စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ရာ ပထမဦးစွာ စားသုံးသူရေးရာဦးစီးဌာန၏ “မျှော်မှန်းချက်”၊ “ရည်မှန်းချက်”တို့ကို ဟောပြောခဲ့ပြီး စားသုံးသူများ၏အခွင့်အရေးနှင့်တာဝန်များ၊ “ကုန်စည်လုံခြုံစိတ်ချရမှုအစ၊ ကုန်အညွှန်းအမှတ် အသားက”ဆိုသည့်အတိုင်း ကုန်အညွှန်းအမှတ်အသားအကြောင်းနှင့်ရွေးချယ်ဝယ်ယူခြင်း၊ စားသုံးသူ နစ်နာဆုံးရှုံးမှုများ ကြုံတွေ့လာရပါက စားသုံးသူအခွင့်အရေးနှင့်အညီ တောင်းဆိုရယူနိုင်သည့် နည်းလမ်းများနှင့် စားသုံးသူအသိပညာဗဟုသုတများကို ဖတ်ရှုလေ့လာနိုင်မည့်နေရာများကို ဟောပြော ဆွေးနွေးခဲ့ပြီး၊တက်ရောက်လာသည့် ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများကို စားသုံးသူအကြောင်းသိမှတ်ဖွယ်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)