စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောက်ရွက်ရမည့်စီမံချက်များချမှတ်၍ ဆောင်ရွက်လျက်ရှိရာ (၇.၂.၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ စက်မှုဇုန်ရှိ ဆန်စက်လုပ်ငန်းရှင်(၇၁)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေး ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် ပြဌာန်းထားပြီး အခန်းပေါင်း (၂၅)ခန်းနှင့် ပုဒ်မပေါင်း(၈၄)ခုပါဝင်ကြောင်း၊ ဥပဒေပါစားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ ဥပဒေ၏ရည်ရွယ်ချက်များ၊ စားသုံးသူအခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းအကြောင်းများ၊ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားနစ်နာ ဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့်နေရာများ၊ ဌာနနှင့်သက်ဆိုင်သောအကြောင်းများကို မေးမြန်းစုံမ်းနိုင်သည့် Consumer Call Centerအကြောင်း၊ တိုင်ကြားစာများကို စိစစ်ညှိနှိုင်းဖြေရှင်းပေးသည့်အကြောင်းများ၊ ဆန်စပါးကြိတ်ခွဲထုတ်လုပ်မှုနှင့် MyROတွင် မှတ်ပုံတင်နိုင်ရေးအကြောင်းများ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ဆန်စက်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေဟောပြောပွဲ ဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ၏ ရည်ရွယ်ချက်များ၊ စားသုံးသူအခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားအကြောင်းများ၊ ဌာနမှဆောင်ရွက်ပေးနေသောလုပ်ငန်းများနှင့် MyROတွင်မှတ်ပုံတင်ရမည့်အကြောင်းများကို သိရှိလာနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိလာနိုင်ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)