အသိပညာပေးဟောပြောပွဲပြုလုပ်ကျင်းပ

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ဗန်းမော်ခရိုင် ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများအား အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်လျက်ရှိရာ  ၈.၂.၂၀၂၄ ရက်နေ့ တွင် ဗန်းမော်မြို့ဆင်ကုန်းရပ်ကွက်ရှိ ဘုန်းကြီးကျောင်း၌ ရပ်ကွက်နေ စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်ခဲ့ပါသည်။

   အဆိုပါဟောပြောပွဲတွင် ဒေါ်နှောင်းနှောင်းဝင်း(ဒု-ဦးစီးမှူ)က ယခုလက်ရှိ မိမိတို့ဌာအနေဖြင့် လုပ်ဆောင်နေသောလုပ်ငန်းတာဝန်များ၊ ဆက်လက်ဆောင်ရွက်ရမည့်တာဝန်များ၊ ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပေဒေပါ စားသုံးသူကာကွယ်ရေးနှင့် စားသုံးသူ၏အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများနစ်နာဆုံးရှုူံးမှုများရှိပါက တိုင်ကြားနိုင်မည့် နည်းလမ်းများနှင့် တိုင်ကြားမှုပုံစံများကိုလည်းရှင်းလင်းပြောကြားပြီး စားသုံးပြည်သူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ပြန်လည်ဖြေကြားရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ဟောပြောပွဲသို့ စားသုံးသူပြည်သူ စုစုပေါင်း(၂၀)ဦး တက်ရောက်ခဲ့ပြီး စားသုံးသူကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)