စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေး စျေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးသည် စားသုံးသူများ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ရည်ရွယ်၍ မိတ်ဖက်ဌာနဖြစ်သော စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေး ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၅.၂.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် တောင်တွင်းကြီးမြို့၊ ရွှေကြာအင်းရပ်ကွက်ရှိ မြို့မစျေးအတွင်း စားသောက်ကုန်ရောင်းချသည့် ဈေးဆိုင်(၁၃)ဆိုင်တို့၌ စားသုံးရန်မသင့်ထုတ်ပြန်ထားသည့် စား‌သောက်ကုန်ပစ္စည်း(၃)မျိုး ဖြစ်သည့် ဇော်ဂျီ ဆေးမန်ကျည်း၊ မောင်ကျန်တတို့ (သစ်သီးယိုစုံအတို့မှုန့်နှင့်‌ ရှောက်ချိုမွှေး)တို့အား စျေးဆိုင်များတွင် ရောင်းချခြင်းရှိ/မရှိ ပူးပေါင်းစစ်ဆေးခဲ့ရာ မြို့မစျေးအတွင်း ရောင်းချဖြန့်ဖြူးမှုမရှိကြောင်း တွေ့ရှိရပါသည်။

      ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းဝယ်‌ဖောက်ကားမှု စျေးဆိုင်ပိုင်ရှင်များကိုလည်း စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉တွင် ပါရှိသော စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဌာန်းချက်များနှင့် ပုဒ်မ (၄၁) ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန် အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ စားသုံးသူများ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ရောင်းချဖြန့်ဖြူးရမည်ဖြစ်ကြောင်း အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး တွေ့ရှိပါက ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပေးရှင်းလင်းမှုအပေါ်  ရောင်းချဖြန့်ဖြူးသူတို့မှာလည်း သိရှိနားလည်လိုက်နာမည်ဖြစ်ပါကြောင်း သိရှိရပါသည်။

DOCA(မကွေး)