ပခုက္ကူမြို့အတွင်းရှိဆေးနှင့်ဆေးပစ္စည်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ခရိုင်ဦးစီးမှူးဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် သတ်မှတ်အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စေရေး၊ ဆေးဝါးပြတ်လပ်မှုမရှိစေရေး၊ ဈေးကွက်အတွင်း ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းမရှိစေရေး၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်မှုမရှိစေရေး၊ တရားမဝင်အတုအပနှင့် အရည် အသွေးနိမ့်ပစ္စည်းများ ရောင်းချမှုမရှိစေရေးရည်ရွယ်၍ (၅.၂.၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၄:၀၀)အချိန် နှင့်(၆.၂.၂၀၂၄) ရက်နေ့၊ နံနက်(၀၉း၃၀)အချိန်တွင်  ပခုက္ကူမြို့အတွင်းရှိ ဆေးဆိုင်များသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါ သည်။

    ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ  ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ၊ ဆေးဝါးများအား ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း (သို့မဟုတ်) ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့် ကြော်ငြာစာ ထုတ်ပြန်ပြီးဖြစ်ကြောင်း ဆွေးနွေးခဲ့ပြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော  ဆေးနှင့်ဆေးပစ္စည်းများတွင် အစားအသောက်နှင့်ဆေးဝါးကွက်ကဲရေးဦးစီးဌာနမှ ဆေးဝါးလက်လီရောင်းချခွင့်လိုင်စင် ရှိ/မရှိ၊ ဗဟိုအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးကော်မတီ၏ အမိန့်ကြော်ငြာစာတွင်ပါရှိသည့် တရားမဝင်ဆေးဝါးများ စံမညီဆေးဝါးများ၊ ဆေးဝါးအတုများ၊ စပ်ဆေးများနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းရှိ/မရှိအား စစ်ဆေးခြင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စည်ပင်လုပ်ငန်းလိုင်စင် ဆောင်ထားခြင်းရှိ/မရှိတို့အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)