ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ဆေးဆိုင်များအား (၈-၂-၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၃၀) နာရီအချိန်တွင် ပြင်ဦးလွင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနက ဦးဆောင်၍ မိတ်ဖက်ဌာနများဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် ကိုဗစ်-၁၉ ကာကွယ်ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများအား ဈေးနှုန်းမြှင်တင်ရောင်းချဖြန့်ဖြူးခြင်း (သို့မဟုတ်) ဈေးကစားရန်ရည်ရွယ်ချက် ဖြင့် သိုလှောင်ထားပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရနိုင်ကြောင်း၊ သက်တမ်းလွန်ဆေးဝါးများအား ရောင်းချခြင်းမပြုလုပ်ဘဲ စနစ်တကျဖြင့် ကျန်းမာရေးဦးစီးဌာနသို့အပ်နှံ၍ သိမ်းဆည်းဖျက်ဆီးစေရေးများကို ပူးပေါင်းအဖွဲ့က အသိပေးပြောကြားခဲ့ပါသည်။ ကွင်းဆင်းစစ်ဆေးရာတွင် ပြင်ဦးလွင်မြို့ပေါ်ရှိ ဆေးပစ္စည်းအရောင်းဆိုင်(၁၀)ဆိုင် စစ်ဆေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
DOCA(မန္တလေး)