ပခုက္ကူမြို့၊ မြို့မစည်ပင်ဈေး၌ ဖေဖော်ဝါရီလ(ဒုတိယပတ်)တွင် ရောင်းချလျက်ရှိသော အခြေခံစားသောက်ကုန်ဈေးနှုန်း

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မစည်ပင်ဈေးတွင် ရောင်းချလျက်ရှိသော အခြေခံစားကုန်များ၏ လက်လီဈေးနှုန်းများမှာ ပေါ်ဆန်း(မြောင်းမြ)တစ်အိတ်လျှင် ကျပ် (၁၄၅၀၀၀)၊ မနောသုခတစ်အိတ်လျှင် ကျပ်(၉၅၀၀၀)၊ ဆင်းသွယ်လေးတစ်အိတ်လျှင် ကျပ် (၇၆၀၀၀)၊ ရက်(၉၀)ရှယ် တစ်အိတ်လျှင် ကျပ်(၇၉၀၀၀)၊ ဖန်သီးရှယ်တစ်အိတ်လျှင် ကျပ် (၁၀၀၀၀၀)၊ ဧရာပဒေသာ(စလင်း) တစ်အိတ်လျှင် ကျပ်(၁၄၅၀၀၀)၊ မြေပဲဆုံဆီတစ်ပိဿာလျှင် ကျပ်(၁၄၅၀၀-၁၅၅၀၀)၊ စက်ပဲဆီသန့် တစ်ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ နှမ်းဆီတစ်ပိဿာလျှင် ကျပ်(၁၂၅၀၀)၊ နေကြာဆီတစ်ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၂၀၀၀ -၂၅၀၀)၊ ကြက်သွန်ဖြူ(ရှမ်း)တစ်ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ လျှင် ကျပ်(၁၃၀၀၀)၊ ကုလားပဲခြမ်းတစ်ပိဿာလျှင် ကျပ်(၈၅၀၀)၊ အာလူးတစ်ပိဿာလျှင်  ကျပ် (၃၂၀၀)၊ ဂျင်းတစ်ပိဿာလျှင် ကျပ်(၅၀၀၀)၊ ဆားတစ် ပိဿာလျှင် ကျပ်(၆၅၀)၊ မန်ကျည်းသီးမှည့် တစ်ပိဿာလျှင် ကျပ်(၂၈၀၀-၃၀၀၀)၊ ကန်စွန်းရွက်တစ်စီးလျှင် ကျပ်(၈၀-၁၀၀)၊ ချဉ်ပေါင်ရွက် တစ်စီးလျှင် ကျပ်(၅၀)၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ်(၄၀၀-၅၀၀)၊ ခရမ်းချိုသီးတစ်ပိဿာလျှင် ကျပ်(၆၀၀-၈၀၀)၊ ငရုတ်သီးစိမ်းတစ်ပိဿာလျှင် ကျပ်(၃၀၀၀)၊ ပန်းဂေါ်ဖီတစ်ပွင့်လျှင် ကျပ်(၅၀၀)၊ ကြက်သား(စီပီ)တစ်ပိဿာလျှင် ကျပ်(၁၁၀၀၀-၁၂၀၀၀)၊ ကြက်သား(ဗမာ)တစ်ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ ဝက်သားတစ်ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ ဆိတ်သား တစ်ပိဿာလျှင် ကျပ် (၂၀၀၀၀)၊ ငါးကြင်း တစ်ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ ငါးမြင်ချင်းတစ်ပိဿာလျှင် ကျပ် (၉၅၀၀)၊ ကြက်ဥတစ်လုံးလျှင် ကျပ် (၂၅၀)၊ ဘဲဥတစ်လုံးလျှင် ကျပ်(၄၀၀)ဖြင့် ရောင်းချနေကြောင်း သိရှိရပါ သည်။

      ယခင်တစ်ပတ်ဈေးနှုန်းနှင့်နှိုင်းယှဉ်လျှင် ယခုတစ်ပတ်တွင် မြေပဲဆီတစ်ပိဿာလျှင် ကျပ် (၁၀၀၀)၊ နှမ်းဆီတစ်ပိဿာလျှင် ကျပ်(၁၀၀၀)၊ ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၅၀၀)ခန့် အသီးသီး ဈေးနှုန်းမြှင့်တက်ခဲ့ပြီး ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ်(၅၀၀)၊ ပန်းဂေါ်ဖီတစ်ပွင့်လျှင် ကျပ်(၆၀၀)၊ ခရမ်းသီးတစ်ပိဿာလျှင် ကျပ်(၄၀၀)ခန့် ဈေးနှုန်းကျဆင်းသွားကြောင်း၊ ပခုက္ကူဒေသတွင်းရှိ ကျွန်းကျေးရွာများမှ သီးနှံပေါ်ချိန်ဖြစ်၍ ဈေးနှုန်းကျဆင်းသွားကြောင်း ပခုက္ကူမြို့မစည်ပင်ဈေးနှင့် အမှတ်(၂)ဈေးတို့တွင် ရောင်းချလျက်ရှိကြောင်း မြို့မဈေးသည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)