ကန့်ဘလူမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူမြို့နယ်တာဝန်ခံရုံအနေဖြင့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက် နံနက် (၁၀:၀၀)နာရီတွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်း၊ ဒေါ်အိမွန်ကျော် အငယ်တန်းစာရေးတို့သည် ခရိုင်စ(၃)လုံး၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ကန့်ဘလူမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် လုပ်ငန်းရှင်များအနေဖြင့် ဆေးနှင့်ဆေးပစ္စည်းများကို ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းနှင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း များမပြုလုပ်ကြရန်၊ သက်တမ်းလွန်ဆေးဝါးများနှင့် စံမညီဆေးဝါးများ ရောင်းချခြင်းမပြုလုပ်ရန် အသိပညာပေးပြောကြာခဲ့ပြီး သက်ဆိုင်ရာဌာနများက ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက် များကို လုပ်ငန်းရှင်များမှ လိုက်နာဆောင်ရွက်ခြင်းမရှိက သက်ဆိုင်ရာဌာန၏ဥပဒေအရ လည်းကောင်း၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရလည်းကောင်း အရေးယူခြင်းခံရမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)