မကွေးမြို့၊ ကန်သာစျေး၌ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါဝင်မှုရှိ/မရှိ စျေးကွက်စောင့်ကြည့်

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးမှ ဝန်ထမ်းများသည် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ‌ရေးဦးစီးဌာနမှ စားသုံးရန်မသင့်ထုတ်ပြန်သော စားသောက်ကုန်များ၊ သက်တမ်းလွန်နေသော စားသောက်ကုန်များနှင့် စျေးကွက်အတွင်းရှိ ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြပါဝင် မှုရှိ/မရှိတို့အား လစဉ်လျာထားချက်များ သတ်မှတ်ပြီး စျေးကွက်စောင့်ကြည့်စစ် ဆေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

    (၁၂.၂.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မကွေးမြို့နယ် တာဝန်ခံ ဦးမျိုးဝင်းသည် မိတ်ဖက်ဌာနများဖြစ်သည့် စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့် ပူးပေါင်းပြီး မကွေးမြို့၊ ကန်သာစျေးရှိ ကုန်မျိုးစုံအရောင်းဆိုင်များ၌ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စားသုံးရန်မသင့်ထုတ်ပြန်ထားသော ဇော်ဂျီ ဆေးမန်ကျည်း၊ မောင်ကျန်တတို့ (သစ်သီးယိုစုံ အတို့မှုန့်၊ ရှောက်ချိုမွှေး)နှင့် “Super” မက်မန်းနှင့် သစ်သီးယိုစုံ၊ “Doreme” Milk Strawberry Flavour Drink (ဒိန်ချဉ်)တို့ ရောင်းချမှုရှိ/မရှိနှင့် ကုန်စည်များ၌ ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြထားမှုရှိ/မရှိတို့အား စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ ထိုသို့ စစ်ဆေးရာတွင် စားသုံးရန်မသင့်ထုတ်ပြန်ထားသော အဆိုပါကုန်စည်များ ရောင်းချခြင်းမရှိကြောင်းနှင့် ဈေးကွက်လက်ကျန်မရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆိုင်ရှင်များအား ကုန်အညွှန်းအမှတ်အသားများ မပြည့်စုံသည့်ကုန်စည်များကို ရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

မျိုးဝင်း (မကွေး)