ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ၊ ကြို့ပင်ကောက်မြို့နယ် မြို့မဈေးအပြင်ဘက်ရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်(၅)ဆိုင်အား ထွေအုပ်၊ ကျန်းမာရေး၊ စည်ပင်ဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း(၁)ဦးတို့သည် (၁၅.၂.၂၀၂၄) ရက်နေ့ နံနက်ပိုင်းတွင် ကွင်းဆင်း ဆောင်ရွက်ခဲ့ပါသည်။
နိုင်ငံတွင်းနေထိုင်ကြသော ပြည်သူများ၏ နေ့စဉ်စားဝတ်နေရေး ၊ စီးပွားရေး၊ လူမှုရေးများတွင် သက်သာချောင်ချိမှုရှိစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ ကြို့ပင်ကောက် မြို့နယ်အတွင်း၌ ဆေးနှင့်ဆေးပစ္စည်းများကို သက်သာသောဈေးဖြင့် ဝယ်ယူနိုင်ရေးအတွက် မြို့မဈေးအပြင်ဘက်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များ၌ ဈေးနှုန်းများကို ဒေသတွင်းဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားခြင်းများ ရှိ/ မရှိနှင့် ဈေးကွက်အတွင်းရှိ ဆေးဝါးများ သတ်မှတ်အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စေရေး၊ ဆေးဝါးပြတ်လပ်မှု မရှိစေရေး ဈေးကွက်အတွင်း ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်းမရှိစေရေး ၊တရားမဝင်အတုအပနှင့် အရည်အသွေးနိမ့်ပစ္စည်းများရောင်းချမှု မရှိစေရေးအတွက် မြို့ပေါ်ရှိဆေးဆိုင်များအား သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)