ဒေးဒရဲမြို့နယ်ရှိ အမေ့သားဂုဏ်ရောင် ဆန်စက်လုပ်သားများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ဒေးဒရဲမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(၁၅)ရက်နေ့၊ နံနက်(၁၁:၀၀)အချိန်တွင် ဆန်စက် လုပ်သား(၂၀)ဦးတို့အား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို အမေ့သား ဂုဏ်ရောင်ဆန်စက်လုပ်သားများ နားနေဆောင်တွင် ပြုလုပ်ခဲ့ပါသည်။      

    အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူအခွင့်အရေးများအကြောင်း၊  ကုန် အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ စားသုံးသူပြည်သူများ ဆောင်ရန်၊ရှောင်ရန် သိကောင်းစရာများ စားသုံးသူများအနေဖြင့်မိမိဝယ်ယူသည့် ကုန်ပစ္စည်းတွင်ဖော်ပြပါရှိသည့် ပါဝင်ပစ္စည်း၊  အလေးချိန်နှင့် ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်၊ သုံးစွဲပုံနည်းလမ်းစသည့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုဝယ်ယူကြရန်နှင့် ကုန်အညွှန်းအမှတ်အသား မပြည့်စုံသောကုန်စည်များကို  ဝယ်ယူခြင်းမပြုရန် ၊  စားသုံးသူနစ်နာဆုံးရုံးမှု  တစ်စုံတစ်ရာဖြစ်ပေါ်လာပါက  လူကိုယ်တိုင်လည်းကောင်း ၊  သက်ဆိုင်ရာဦးစီးမှူးရုံးသို့  သက်သေခံအထောက်အထားနှင့်အတူ   တိုင်ကြားနိုင်ကြောင်းနှင့် Call Center  1535 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်းရှင်းလင်း ဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)