ကန့်ဘလူမြို့တွင် စားသုံးဆီအမျိုးမျိုးနှင့်စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူ မြို့နယ်တာဝန်ခံရုံးသည် ဈေးကွက်အတွင်းရောင်းချနေသည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

      ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ကန့်ဘလူမြို့နယ်တာဝန်ခံဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် အငယ်တန်းစာရေးတို့သည် ကန့်ဘလူမြို့ပေါ်ရှိရပ်ကွက် ကုန်စုံဆိုင်များအား စားသုံးဆီအမျိုးမျိုးနှင့်စပ်လျဉ်း၍  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ရာ ဈေးကွက် အတွင်း၌ ခွက်ချင့်စားအုန်းဆီများနှင့် “ဂွတ်ဒီ”ဟင်းရွက်ဆီ (အဆင့်မြင့်သန့်စင်ထားသော စားအုန်းဆီ)တို့ကိုစိစစ်တွေ့ရှိရပြီး “ဂွတ်ဒီ”ဟင်းရွက်ဆီ (အဆင့်မြင့်သန့်စင်ထားသော စားအုန်းဆီ ) တွင် ကုန်အညွှန်းအမှတ်အသားများကို ညွှန်ကြားချက်နှင့်အညီ မြန်မာဘာသာဖြင့်ပြည့်စုံစွာဖော်ပြ ထားသည့်ကို စိစစ်တွေ့ရှိရပြီး၊ အသားတင်အလေးချိန်ဖော်ပြရာတွင်လည်း ပိဿာ/ကျပ်သား ဖြင့်ဖော်ပြထားကြောင်း၊ မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ကွင်းဆင်းစစ်ဆေးရာတွင် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်မရှိသောဆီများ ရောင်းချမှုမရှိစေရေး လုပ်ငန်းရှင်များအား အသိပေးကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)