၂၀၂၁-၂၀၂၂ ကြံရာသီ ဥက္ကံသကြားစက်ကြိတ်ခွဲနိုင်မှု အခြေအနေ

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်အတွင်း တိုက်ကြီးမြို့နယ်၊ ဥက္ကံသကြားစက်သည် တစ်ရက်လျှင် ကြံကုန်ကြမ်းတန်ချိန် (၁၀၀၀) မက်ထရစ်တန်၊ ကြိတ်ဝါးနိုင်သောစက်ရုံဖြစ်ပြီး ၂၀၂၁-၂၀၂၂ ခုနှစ်အတွက် ကြံတန်ချိန် (၂၅၀၀၀)မက်ထရစ်တန် ကြိတ်ဝါးရန် (၁၇.၁၂.၂၀၂၁)မှ (၁၆.၁.၂၀၂၂)အထိ လျာထားခဲ့ပြီး စက်ရုံမှ ကြံစိုက်တောင်သူများအတွက် စိုက်စရိတ်တစ်ဧကလျှင် ၃၀၀၀ဝိ/-နှုန်းဖြင့် ထုတ်ချေးပေးခဲ့ပါသည်။ ၂၀၂၁-၂၀၂၂ ခုနှစ် ကြံကြိတ်ဝါးရာသီတွင် ကြံတစ်မက်ထရစ်တန်လျှင် စက်ရုံအရောက်ဈေး ၅၄၀၀ဝိ/-နှုန်းဖြင့် ဝယ်ယူကြိတ်ခွဲခဲ့ရာ (၁၇.၁၂.၂၀၂၁)မှ (၁၆.၁.၂၀၂၂)အထိ ကြံကုန်ကြမ်းတန်ချိန် (၂၂၉၈၅.၂၄၅)မက်ထရစ်တန် ကြိတ်ခွဲလည်ပတ်ခဲ့ပြီး သကြားအထွက်တန်ချိန် (၂၀၈၁.၆၀)မက်ထရစ်တန် ထွက်ရှိခဲ့သဖြင့် သကြားအထွက်နှုန်းမှာ (၉.၀၆%)ရှိကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ရန်ကုန်တိုင်း‌ဒေသကြီး