သထုံမြို့နယ်အတွင်း ဆေးဝါးများအား ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    မွန်ပြည်နယ်၊ သထုံမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၀.၂.၂၀၂၄) ရက်နေ့တွင် သထုံမြို့နယ်အတွင်း ဆေးဝါးများအား ဈေးကွက်အတွင်း ဈေးနှုန်း မြှင့်တင်ရောင်းချခြင်း၊ သိုလှောင်ထားခြင်းများ ရှိ/မရှိကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

     ထိုသို့ စစ်ဆေးရာတွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းဦး ဦးဆောင်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ တာဝန်ရှိသူများက စည်ပင်သာယာဈေးများနှင့် မြို့ပေါ်ရပ်ကွက်များရှိ ဆေးဝါးနှင့်ဆက်စပ်ပစ္စည်း အရောင်းဆိုင်များ၌ တရားမဝင်ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိ၊ ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်သိမ်းဆည်းထားခြင်း ရှိ/မရှိ၊ သတ်မှတ် ကုန်ညွှန်းအမှတ်များ ပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိ အခြေအနေတို့ကို လှည့်လည်စစ်ဆေးကာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

DOCA(မွန်)