ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ တာချီလိတ်မြို့သို့ ပြည်သူများအနေဖြင့် စားသောက်ကုန်နှင့်လူသုံးကုန်ပစ္စည်းများအား နေ့စဉ်တပိုင်တနိုင်တင်သွင်းလျက်ရှိပါသည်။
ထိုသို့တင်သွင်းမှုအပေါ် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ တင်သွင်းသည့် ပစ္စည်းတန်ဘိုး၏ ၃% ရာခိုင်နှုန်းအား နိုင်ငံတော်၏အခွန်ရရှိရေးအတွက် ကောက်ခံလျက်ရှိပါသည်။
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်မှ (၃၀) ရက်နေ့ထိ တာချီလိတ်မြို့၊ ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတား (၁) မှ အခွန်ကျပ်သန်း ( ၃.၆၃၇ ) ကောက်ခံရရှိခဲ့ရာ ယခင်တစ်ပတ်ရရှိမှုနှင့် နှိုင်းယှဉ်လျှင် အခွန်ရရှိမှုကျပ်သန်း ( ၀.၁၈၆ ) ခန့် ပိုမိုရရှိခဲ့ကြောင်း သိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန
ရှမ်းပြည်နယ်