စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံး(တောင်ကြီး)မြို့တွင် ဝန်းထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းကျင်းပပြုလုပ်

Powered by Drupal

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံး(တောင်ကြီး)မြို့တွင် ဝန်ထမ်းများအား ရုံးလုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ အထွေထွေစီမံခန့် ခွဲမှုဆိုင်ရာကိစ္စရပ်များ သိရှိကျွမ်းကျင်နိုင်ရန်ရည်ရွယ်၍ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်သင်တန်းအမှတ်စဉ် (၁/၂၀၂၂)အား ဇန်နဝါရီလ(၃၁)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။ အဆိုပါသင်တန်းသို့ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင့်လွင်ဦး တတ်ရောက်၍  အဖွင့်အမှာစကားပြောကြားခဲ့သည်။ ပြည်နယ်ဦးစီးမှူးမှ သင်တန်းသားဝန်ထမ်းများအား ရုံးလုပ်ငန်းစီမံခန့်ခွဲမှုဆိုင်ရာ အသိပညာနှင့် အတတ်ပညာများ မြင့်တက်လာစေရေးရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်းကာလမှာ ဇန်နဝါရီလ (၃၁)ရက် နေ့မှ ဖေဖော်ဝါရီလ(၂၈)ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း၊ သင်တန်းဆိုင်ရာဘာသာရပ်များ အနေဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေ/နည်းဥပဒေများ၊ ရုံးလုပ်ငန်း လက်စွဲ၊ ဝန်ထမ်းရေးရာလုပ်ထုံးလုပ်နည်း များ၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ဆက်စပ်အကြောင်းအရာများ၊ ကုန်သွယ်ရေးဦးစီးဌာနနှင့် ဆက်စပ်အကြောင်းအရာများ၊ မူပိုင်ခွင့်ဦးစီးဌာနှင့်ဆက်စပ်အကြောင်း အရာများ၊ မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ဆက်စပ်အကြောင်းအရာများအား သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် သင်တန်းကြီးကြပ်ရေးလုပ်ငန်းကော်မတီအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ဦးခွန်ကျော်ဌေး(လက်ထောက်ညွှန်ကြားရေမှူး)မှ သင်တန်းဆိုင်ရာ စည်းမျဉ်း/ စည်းကမ်းများကို သင်တန်းသားများသို့ ဆက်လက် ပြောကြားခဲ့ပါသည်။

          အဆိုပါ သင်တန်းအား အချိန်ကာလအားဖြင့် တစ်လခန့်ကြာမည်ဖြစ်ပြီး တစ်ရက်လျှင် သင်တန်းချိန်(၂)ချိန် ဖြင့် သင်ကြားပေးသွားမည်ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ရှမ်းပြည်နယ်