မွန်ပြည်နယ်၏ ကွမ်းသီးဈေးနှုန်းမြင့်တက်လာသည့် အခြေအနေ

Powered by Drupal

   ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (တတိယပတ်)အတွင်း ကွမ်းသီးဈေးနှုန်းအခြေအနေမှာ ရေပေါင်းခြမ်းတစ်ပိဿာလျှင် ၄၀၀၀ကျပ်၊ ရေပေါင်းခြမ်း (၈၈% အခြောက်) တစ်ပိဿာလျှင် ၅၅၀၀ကျပ်၊ ရေပေါင်းခြမ်း (၉၉% အခြောက်)တစ်ပိဿာလျှင် ၆၀၀၀ကျပ်၊ အစာသန့် (ခြောက်) တစ်ပိဿာလျှင် ၆၀၀၀ကျပ်၊ ရှယ်ဝိုင်း-ခြောက်(သန့်) တစ်ပိဿာလျှင် ၆၅၀၀ကျပ်၊ ရှယ်ဝိုင်း-ခြောက် (အလယ်သား) တစ်ပိဿာလျှင် ၇၅၀၀ကျပ်၊ ရှယ်ဝိုင်း-ခြောက် (အလယ်သား) တစ်ပိဿာလျှင် ၇၅၀၀ကျပ်၊ ချင်းပြတ်(ခြောက်) တစ်ပိဿာလျှင် ၆၁၀၀ကျပ်ဖြစ်ကြောင်းသိရသည်။

      ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း ကွမ်းသီးဈေးနှုန်းအခြေအနေမှာ ရေပေါင်းခြမ်းတစ်ပိဿာလျှင် ၄၄၀၀ကျပ်၊ ရေပေါင်းခြမ်း (၈၈% အခြောက်) တစ်ပိဿာလျှင် ၄၉၀၀ကျပ်၊ ရေပေါင်းခြမ်း (၉၉% အခြောက်)တစ်ပိဿာလျှင် ၅၄၀၀ကျပ်၊ အစာသန့် (ခြောက်) တစ်ပိဿာလျှင် ၅၅၀၀ကျပ်၊ ရှယ်ဝိုင်း-ခြောက်(သန့်) တစ်ပိဿာလျှင် ၆၄၀၀ကျပ်၊ ရှယ်ဝိုင်း-ခြောက် (အလယ်သား) တစ်ပိဿာလျှင် ၇၅၀၀ကျပ်၊ ရှယ်ဝိုင်း-ခြောက် (အလယ်သား) တစ်ပိဿာလျှင် ၇၅၀၀ ကျပ်၊ ချင်းပြတ်(ခြောက်) တစ်ပိဿာလျှင် ၅၅၀၀ကျပ်ဖြစ်သည်။

    ထို့ကြောင့် ယခင်လကွမ်းသီးဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ၄၀၀ကျပ်နှင့် ၅၀၀ကျပ်အတွင်း ဈေးနှုန်းမြှင့်တက်ကြောင်းသိရသည်။ ကွမ်းသီးဈေးနှုန်းမြင့်တက်လာရခြင်းမှာ အသီးထွက်ရှိသည့် ရာသီကုန်ဆုံးခြင်းနှင့် ဒေသတွင်းကွမ်းသီးဝယ်လက်များပြားနေခြင်းတို့ကြောင်းဖြစ်ကြောင်း သုံးသပ်ရပါသည်။

DOCA(မွန်)