ကိုင်းပေါ်ချိန် ရာသီစာသီးနှံဈေးကွက်

Powered by Drupal

     မကွေးတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ရေကျချိန်တွင် ကိုင်းကျွန်းမြေများပေါ်၌ ဆောင်းသီးနှံကို ရာသီချိန်အဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်းသိရှိရပါသည်။

    မကွေးမြို့၊ ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက်တွင်နေထိုင်ကြသည့် ဝါးတောချောင်း၊ အလယ်ချောင်း၊ ဖလံရုံ၊ သဖန်းဆိပ်၊ မြင်းကင်းကျေးရွာများမှ တောင်သူများအနေဖြင့် ကိုင်းနှင့် မြေနုကျွန်းများတွင် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(ပထမပတ်)မှစတင်၍ နေကြာ၊ ပန်းနှမ်း၊ ကုလားပဲ၊ စားတော်ပဲ၊ ပဲထောပတ်၊ ဆလပ်ရွက်၊ ငရုတ်၊ နံနံပင်၊ ခရမ်းချဉ်၊ ကြက်သွန်နီ၊ ပြောင်းဖူး၊ ဖရဲ၊ သခွား၊ ဆူးပန်းရွက်၊ ပဲရွက်၊ ချဉ်ပေါင်ပင်၊ မုန်လာပင်၊ ရုံးပတီသီး၊ ဘူးသီး၊ ခရမ်းသီး၊ ပဲပုစွန်သီး၊ ဖရုံသီး စသည်ဖြင့် ဟင်းသီးဟင်းရွက်သီးနှံများကိုစိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊  သုံးလေးရက်ခြား တစ်ကြိမ် ခူးဆွတ်ရောင်းချရကြောင်း၊ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(တတိယပတ်)တွင် လှိုင်လှိုင်ထွက်ပေါ်နေပြီး တစ်ကြိမ်ခူးဆွတ်လျှင် ပျမ်းမျှအားဖြင့် ကျပ်(၄၅၀၀၀-၅၀၀၀၀)ခန့်ဝင်ငွေရရှိ၍ မိသားစုစီးပွားရေးအဆင်ပြေလျက်ရှိကြောင်း ဝါးတောချောင်းကျေးရွာနေ မြေနုကျွန်းစိုက်တောင်သူတစ်ဦးထံမှသိရှိရပါသည်။

DOCA(မကွေး)