သာယာဝတီခရိုင်တွင် သက်သာသောဈေးနှုန်းဖြင့် ဆန်၊ဆီ၊ကြက်ဥ၊ ငါးနှင့် ဟင်းသီးဟင်းရွက်များ ရောင်းချပေးခြင်း

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ၁၉.၂.၂၀၂၄ ရက်နေ့တွင် ကိုယ်တိုင်စိုက်ပျိုး/ မွေးမြူထုတ်လုပ်သူ များက တိုက်ရိုက်ရောင်းချပေးသည့် ဈေးကားများဖြင့် သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ စည်ပင်သာယာစိုက်ပျိုးရေးဌာန၊ မွေးမြူရေးဌာန၊ စားသုံးသူ‌ရေးရာဦးစီးဌာနတို့မှ ပူးပေါင်း ရောင်းချပေးလျက်ရှိပါသည်။

    သာယာဝတီမြို့နယ် သာယာဝတီမြို့ဈေးရပ်ကွက်ဈေးလမ်းရှိ ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ် ရောင်းချသူများ၏ဈေးတွင် ၁၉.၂.၂၀၂၄ ရက်နေ့က မနောသုခဆန်(၁)ပြည်လျှင် ၃၀၀၀/ ကျပ်ဈေးနှုန်း ဖြင့် ဆန်အိတ် (၅)အိတ်၊ ကြက်ဥ ၁လုံးလျှင် ၂၀၀ ကျပ်ဈေးနှုန်းဖြင့် အလုံးရေ (၈၀၀) လုံး၊ ဆီပိဿာ (၁၁၀)ပိဿာ၊ ကြက်သားပိဿာ(၃၀)ပိဿာ၊ ငါးမြစ်ချင်း(၃၀)ပိဿာနှင့် ဟင်းသီးဟင်းရွက် မျိုးစုံ ရောင်းချပေးလျှက်ရှိပါသည်။ လက်ပံတန်းမြို့ စက်မှုလက်မှုသိပ္ပံကျောင်းတွင် ဆန်အိတ်(  ၆) အိတ်၊ ကြက်ဥ အလုံးရေ(၁၆၃၀)၊ ဆီပိဿာ (၇၈) ပိဿာ၊ ကြက်သားပိဿာ (၃၀)ပိဿာ၊ ငါးမြစ်ချင်း(၁၅) ပိဿာနှင့် ခရမ်းချဉ်သီး၊ မုန်လာဥ၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်နှင့် ဟင်းသီးဟင်းရွက်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)