
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခု ဖြစ်သော ကြောင့်စပါး၊ပဲ၊ပြောင်း၊နှမ်းသီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ ၄င်းသီးနှံများအနက် ဆီထွက်သီးနှံ တစ်မျိုးဖြစ်သောနွေနှမ်းသီးနှံကို၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင်(၁၅၇၂၂)ဧက၊ စဉ့်ကိုင်မြို့နယ်တွင်(၉၃၉၂)ဧက၊ မြစ်သားမြို့နယ်တွင် (၂၁၀၅၀)ဧက ၊ စုစုပေါင်း(၄၆၁၆၄)ဧက စိုက်ပျိုးထားရှိပြီးဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည်။ နွေနှမ်းကို မတ်လတွင်စတင်စိုက်ပျိုးလျက်ရှိပြီး နှမ်းစိုက်ပျိုးမှုအနေဖြင့် ဘောင်ကြောင်းပေးစနစ်ဖြင့်စိုက်ပျိုးကြ ပြီးအများဆုံးစိုက်ပျိုးသောမျိုးများမှာနှမ်းဖြူ၊နှမ်းညိုနှင့်နှမ်းနက်မျိုးများကိုစိုက်ပျိုးကြပါသည်။(၁)ဧက စိုက်ပျိုးမှုအနေဖြင့် နှမ်းမျိုး ၁ပြည်လျှင် (၈၀၀၀-၈၅၀၀)ကျပ်အထိ ပေးဝယ်ရကြောင်း ၊ (၁)ဧက ကုန်ကျစရိတ် အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခအပါအဝင် စုစုပေါင်း(၄၅၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊ (၁)ဧက မျိုး(၂-၃)ပြည် စိုက်ပျိုးရကြောင်း ၊ နှမ်းစျေးနှုန်း အနေဖြင့် နှမ်းဖြူတစ်တင်း လျှင်(၁၃၀၀၀၀/-)ကျပ် ၊ နှမ်းညို တစ်တင်းလျှင်(၁၃၂၀၀၀/-)ကျပ် ၊ နှမ်းနက် တစ်တင်းလျှင် (၁၂၀၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေပြီး နှမ်းဆီ ၁ပိဿာ လျှင်(၁၈၀၀၀/-) ကျပ်စျေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိပါသည် ။ ကုန်သွယ်ရောင်းဝယ်မှုအနေဖြင့် တောင်သူများမှ နှမ်းပေါ်ချိန်တွင် နီးစပ်ရာ ကျောက်ဆည်မြို့ပေါ်ရှိ ပွဲရုံများသို့ တိုက်ရိုက်သွားရောက်ရောင်းချ ကြကြောင်း ၊ ပွဲရုံများမှတဆင့် ရန်ကုန် ၊ မန္တလေးမြို့များသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။ တောင်သူများမှာ နှမ်းကိုဆီထွက်သီးနှံအဖြစ် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလျှက်ရှိပါသည်။နှမ်းပေါ်ချိန်တွင်စျေးနှုန်းများကောင်းမွန်ပါကတောင်သူများအကျိုးအမြတ်ပိုမိုဖြစ်ထွန်းနိုင်ကြောင်း၊ နှမ်းစိုက်ပျိုးသော တောင်သူများအနေဖြင့် မိသားစု စားသုံးဆီဖူလုံရုံမျှမက အကျိုးအမြတ်များရရှိ သောကြောင့် ဆီထွက်သီးနှံဖြစ်သော နှမ်းသီးနှံကိုလည်း နှစ်စဉ်စိုက်ပျိုးသင့်ကြောင်း ရေးသားတင်ပြ အပ်ပါသည်။
DOCA(မန္တလေး)
