
ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များတွင် မတ်ပဲဈေးနှုန်းမှာ ဇန်နဝါရီလနောက်ဆုံးပတ်တွင် ပိဿာ(၂၀) တစ်တင်းလျှင် အနိမ့်ဆုံး (၁၀၀၂၀၀)ကျပ်ခန့်နှင့် အမြင့်ဆုံး (၁၀၁၅၀၀) ကျပ်ထိ ရှိပြီး ယခုဖေဖော်ဝါရီလ တတိယပတ်အတွင်းမှာတော့ ပိဿာ (၂၀) တစ်တင်းလျှင် အနိမ့်ဆုံး (၉၈၇၀၀) ကျပ်ခန့်မှ အမြင့်ဆုံး (၁၀၀၂၀၀) ကျပ်ထိ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စီးထွက်မှုအနေနဲ့ ဇန်နဝါရီလအတွင်း ခရိုင်အတွင်းမှ ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ အိတ်လုံးရေ (၁၆၀၂၅၀) ခန့်ထိ တင်ပို့နိုင်ခဲ့ပြီး ယခုလဖေဖော်ဝါရီလ တတိယပတ်ထိ တင်ပို့မှုမှာ အိတ်လုံးရေ (၁၀၈၃၀၀) ခန့်ထိ တင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)