စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေး/ ချောက်ခရိုင်အတွင်းရှိ ဝန်ထမ်းများသည် “ထုတ်ကုန်လုံခြုံ စိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ဆိုသည့်အတိုင်း စျေးကွက်အတွင်းရှိကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈)ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ ပြည့်စုံစွာပါဝင်ရမည့်အချက်အလက်တို့ကိုမှန်ကန်စွာဖော်ပြထားခြင်းရှိ/မရှိနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက စားသုံးရန်မသင့်ဟုတားမြစ်ထားသော ကုန်စည်များရောင်းချမှုရှိ/မရှိတို့အား မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ လစဉ်ဆောင်ရွက်လျက်ရှိပါသည်။
မကွေး/ ချောက်ခရိုင်အတွင်းရှိ မြို့နယ်များမှ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို (၂၂)ကြိမ်ဆောင်ရွက်နိုင်ခဲ့ပြီး မြို့နယ်အလိုက်ဆောင်ရွက်မှုမှာ မကွေးမြို့နယ်၌ (၈)ကြိမ်၊ တောင်တွင်းကြီးမြို့နယ်၌ (၃)ကြိမ်၊ မြို့သစ်မြို့နယ်၌ (၂)ကြိမ်၊ နတ်မောက်မြို့နယ်၌ (၃)ကြိမ်၊ ချောက်မြို့နယ်၌ (၃)ကြိမ်၊ ရေနံချောင်းမြို့နယ်၌ (၃)ကြိမ်၊ စုစုပေါင်း (၂၂)ကြိမ်ဆောင်ရွက်ခဲ့ပြီး စက်သုံးဆီဆိုင်များ၌ သတ်မှတ်ရည်ညွှန်းစျေးနှုန်းများအတိုင်း ရောင်းချမှုရှိ/မရှိနှင့် စက်သုံးဆီပြတ်လပ်မှုရှိ/မရှိတို့အား မိတ်ဖက်ဌာနများနှင့်ပူးပေါင်းကာ အထူးစျေးကွက်စောင့်ကြည့်ခြင်း (၁)ကြိမ်ဆောင်ရွက်နိုင်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(မကွေး)