၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလကုန်တွင် မလေးရှားစားအုန်းဆီ လက်ကျန်အခြေအနေမှာ ယခင်လထက် ၅% ကျဆင်းခဲ့ပြီး ပမာဏအားဖြင့် တန်ချိန် ၁.၉၂ သန်းရှိရာ ၇ လတာ အတွင်း အနိမ့်ဆုံး ဖြစ်ပေါ်ခဲ့သည်ဟု ၁၁-၃-၂၀၂၄ ရက်နေ့တွင် မလေးရှားစားအုန်းဆီဘုတ်အဖွဲ့ (MPOB) က သတင်းထုတ်ပြန်ခဲ့ကြောင်း မလေးရှားအခြေစိုက် The Star သတင်းဌာနက ဖော်ပြပါသည်။
မလေးရှား၏ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ စားအုန်းဆီကြမ်းထုတ်လုပ်မှုမှာ ဇန်နဝါရီလ၌ ထုတ်လုပ်ခဲ့မှုအပေါ် ၁၀.၁၈% ကျဆင်းပြီး တန်ချိန် ၁.၂၆ သန်းသာရှိခဲ့ကြောင်း၊ စားအုန်းဆီ တင်ပို့မှုမှာလည်း ၂၄.၇၅% ကျဆင်းလျက် တန်ချိန် ၁.၀၂ သန်းသာ တင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါသည်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ၌ စားအုန်းဆီလက်ကျန် တန်ချိန် ၁.၉၁ သန်း ရှိနိုင်ကြောင်းနှင့် ယခင်လထက် ၅.၇% ကျဆင်းနိုင်ကြောင်း၊ ထွက်ရှိမှုမှာ တန်ချိန် ၁.၃၂ သန်းနှင့် တင်ပို့မှုမှာ တန်ချိန် ၁.၁၄ သန်း ရှိနိုင်ကြောင်း ရိုက်တာသတင်းဌာန၏ စစ်တမ်းတစ်ခုတွင် ဖော်ပြခဲ့သည်။ မလေးရှား စားအုန်းဆီဘုတ်အဖွဲ့၏ စားအုန်းဆီ ထုတ်လုပ်မှုနှင့် ကုန်သွယ်မှု ကိန်းဂဏန်းများနှင့် ရိုက်တာ၏ ဖေဖော်ဝါရီလအတွက် ခန့်မှန်းချက် တန်ချိန်ပမာဏတို့ကို အောက်ပါအတိုင်း တွေ့ရှိရ ပါသည်-
စဉ် |
အကြောင်း အရာ |
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ |
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ |
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ |
|
အမှန်စာရင်း |
ရိုက်တာ ခန့်မှန်းစာရင်း |
||||
(က) |
ထွက်ရှိမှု |
၁၂၅၉၅၇၂ |
၁၃၁၇၈၉၉ |
၁၄၀၂၃၅၅ |
၁၂၅၃၆၆၄ |
(ခ) |
လက်ကျန်များ |
၁၉၁၉၂၁၀ |
၁၉၀၅၀၀၀ |
၂၀၂၀၁၉၁ |
၂၁၁၉၈၄၈ |
(ဂ) |
တင်ပို့မှုများ |
၁၀၁၅၅၃၇ |
၁၁၃၆၉၉၄ |
၁၃၄၉၅၂၃ |
၁၁၂၇၉၅၃ |
(ဃ) |
တင်သွင်းမှုများ |
၃၂၅၅၆ |
၃၂၅၀၀ |
၂၉၄၉၄ |
၅၂၅၀၆ |
Source: The Star, 11 Mar 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)