Main menu

မလေးရှား၏ စားအုန်းဆီလက်ကျန် ၇ လအတွင်း အနိမ့်ကျဆုံး အခြေအနေရောက်ရှိ

Powered by Drupal

    ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလကုန်တွင် မလေးရှားစားအုန်းဆီ လက်ကျန်အခြေအနေမှာ ယခင်လထက် ၅% ကျဆင်းခဲ့ပြီး ပမာဏအားဖြင့် တန်ချိန် ၁.၉၂ သန်းရှိရာ ၇ လတာ အတွင်း အနိမ့်ဆုံး ဖြစ်ပေါ်ခဲ့သည်ဟု ၁၁-၃-၂၀၂၄ ရက်နေ့တွင် မလေးရှားစားအုန်းဆီဘုတ်အဖွဲ့ (MPOB) က သတင်းထုတ်ပြန်ခဲ့ကြောင်း မလေးရှားအခြေစိုက် The Star သတင်းဌာနက ဖော်ပြပါသည်။

     မလေးရှား၏ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ စားအုန်းဆီကြမ်းထုတ်လုပ်မှုမှာ ဇန်နဝါရီလ၌ ထုတ်လုပ်ခဲ့မှုအပေါ် ၁၀.၁၈% ကျဆင်းပြီး တန်ချိန် ၁.၂၆ သန်းသာရှိခဲ့ကြောင်း၊ စားအုန်းဆီ တင်ပို့မှုမှာလည်း ၂၄.၇၅% ကျဆင်းလျက် တန်ချိန် ၁.၀၂ သန်းသာ တင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါသည်။

      ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ၌ စားအုန်းဆီလက်ကျန် တန်ချိန် ၁.၉၁ သန်း ရှိနိုင်ကြောင်းနှင့် ယခင်လထက် ၅.၇% ကျဆင်းနိုင်ကြောင်း၊ ထွက်ရှိမှုမှာ တန်ချိန် ၁.၃၂ သန်းနှင့် တင်ပို့မှုမှာ တန်ချိန် ၁.၁၄ သန်း ရှိနိုင်ကြောင်း ရိုက်တာသတင်းဌာန၏ စစ်တမ်းတစ်ခုတွင် ဖော်ပြခဲ့သည်။  မလေးရှား စားအုန်းဆီဘုတ်အဖွဲ့၏ စားအုန်းဆီ ထုတ်လုပ်မှုနှင့် ကုန်သွယ်မှု ကိန်းဂဏန်းများနှင့် ရိုက်တာ၏ ဖေဖော်ဝါရီလအတွက် ခန့်မှန်းချက် တန်ချိန်ပမာဏတို့ကို အောက်ပါအတိုင်း တွေ့ရှိရ ပါသည်-

 

စဉ်

 

အကြောင်း အရာ

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ

အမှန်စာရင်း

ရိုက်တာ ခန့်မှန်းစာရင်း

(က)

ထွက်ရှိမှု

၁၂၅၉၅၇၂

၁၃၁၇၈၉၉

၁၄၀၂၃၅၅

၁၂၅၃၆၆၄

(ခ)

လက်ကျန်များ

၁၉၁၉၂၁၀

၁၉၀၅၀၀၀

၂၀၂၀၁၉၁

၂၁၁၉၈၄၈

(ဂ)

တင်ပို့မှုများ

၁၀၁၅၅၃၇

၁၁၃၆၉၉၄

၁၃၄၉၅၂၃

၁၁၂၇၉၅၃

(ဃ)

တင်သွင်းမှုများ

၃၂၅၅၆

၃၂၅၀၀

၂၉၄၉၄

၅၂၅၀၆

Source: The Star, 11 Mar 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)