ပခုက္ကူကုန်စည်ဒိုင်၌ မတ်လ(ဒုတိယပတ်)တွင် ကုလားပဲ(၃)မျိုးနှင့် ပဲမျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိ

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်သည် ပဲမျိုးစုံဖြစ်သော ကုလားပဲဖြူလုံးကြီး၊ ကုလားပဲဝါ၊ ကုလားပဲဝါလုံးကြီးနှင့် စွန်တာနီ၊ ပဲလွန်းပြာ၊ ထောပတ်ပဲ၊ CPနှင့် ပဲနီပြားအမျိုးမျိုးစိုက်ပျိုးထွက်ရှိလျက်ရှိပါသည်။ ကျွန်းဦး၊ ကျွန်းညို၊ မြင်းကျွန်း၊ ဘောလုံးခုံနှင့် ပခုက္ကူကျွန်းများတွင် ကုလားပဲမျိုးစုံနှင့် ပဲနီပြားများကို အဓိကစိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ ပခုက္ကူကုန်စည်ဒိုင်သို့ ပခုက္ကူမြို့နယ်သာမက မြိုင်၊ ရေစကြိုကျွန်များနှင့် အခြားနယ်များမှလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စည်ဒိုင်မှသိရှိရပါသည်။

      ၂၀၂၄ခုနှစ်၊ မတ်လ(ပထမပတ်)တွင် အရောင်းအဝယ်ဖြစ်ခဲ့သော ကုလားပဲ(၃)မျိုး၏ ဈေးနှုန်းများမှာ ကုလားပဲဖြူလုံးကြီး(V2)တစ်တင်းလျှင် ကျပ်(၈၆၅၀၀)၊ ကုလားပဲဖြူလုံးကြီး(V6) တစ်တင်းလျှင် ကျပ်(၈၆၈၀၀)၊ ကုလားပဲဝါ(HL) တစ်တင်းလျှင် ကျပ်(၇၉၅၀၀)၊ ကုလားပဲဝါလုံးကြီး(929) တစ်တင်းလျှင် ကျပ်(၈၅၆၀၀)၊ စွန်တာနီ(ကျွန်း) တစ်တင်းလျှင် ကျပ်(၅၁၂၀၀)၊ ပဲလွန်းပြာတစ်တင်းလျှင် ကျပ်(၆၂၈၀၀)၊ ထောပတ်ပဲတစ်တင်းလျှင် ကျပ်(၁၁၇၅၀၀)၊ CP တစ်တင်းလျှင် ကျပ်(၁၅၈၀၀)ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စည်ဒိုင်မှ သိရှိရပါသည်။

      အရောင်းအဝယ်ဖြစ်သည့်အိတ်ရေမှာ ကုလားပဲဖြူလုံးကြီး(V2)အိတ် (၃၀၀)၊ ကုလားပဲဖြူလုံးကြီး(V6) အိတ်(၄၀၀)၊ ကုလားပဲဝါ(HL) အိတ်(၁၀၀)၊ ကုလားပဲဝါလုံးကြီး(929) အိတ် (၃၀၀)၊ စွန်တာနီ(ကျွန်း) အိတ်(၂၀၀)၊ ပဲလွန်းပြာအိတ်(၃၀၀)၊ ထောပတ်ပဲအိတ်(၂၀၀)၊ CP အိတ်(၅၀၀) နေ့စဉ်အရောင်းအဝယ်ဖြစ်နေပြီး တင်ပို့မှုအနေဖြင့် ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်၊ အိန္ဒိယနှင့် တရုတ်တို့မှ ဝယ်ယူနေကြောင်းသိရှိရပါသည်။

DOCA(မကွေး)