ထပ်တိုးဆီဆိုင်သို့ ဈေးကွက်စောင့်ကြည့်ကြပ်မတ်စစ်ဆေးခြင်း

Powered by Drupal

        စက်သုံးဆီများ သက်သာသောအထူးဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည့် စက်သုံးဆီအရောင်းဆိုင်များကို စားသုံးသူရေးရာဦးစီးဌာနမှ ဈေးကွက်စောင့်ကြပ်ကြပ်မတ်စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ 2.2.2022 ရက်‌နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးဦးဆောင်သည့် တာဝန်ရှိသူများသည် အမှတ် (271) အောင်ဇေယျလမ်း(26) ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်ရှိ ထပ်တိုးဆီဆိုင်တစ်ဆိုင်ဖြစ်သည့် ဆိုင်အမှတ်(015)၊ နီလာရိုးမစက်သုံးဆီရောင်းချသည့်ဆိုင်သို့ သွားရောက်စစ်ဆေးကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကြပ်မတ်ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊  အရှေ့ပိုင်းခရိုင်ဦးစီးမှူး ဦးဇော်မင်းလတ်က စက်သုံးဆီအရောင်းဆိုင်တာဝန်ခံနှင့် ဆိုင်ဝန်ထမ်းများကို တွေ့ဆုံရာ၌ စားသုံးသူကာကွယ်ရေးဥပဒေပါပြဌာန်းချက်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များဖြစ်သည့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဆောင်ရွက်ရာတွင် လိုက်နာရမည့်ကုန်စည်၏ အရည်အသွေးနှင့် စံသတ်မှတ်ချက်များပေါ် အာမခံချက်ပေးခြင်း၊ စားသုံးသူများအား ခွဲခြားမှုမရှိ၊ ဖြောင့်မတ်မှန်ကန်စွာဆက်ဆံခြင်း၊ ကုန်စည်၏ အချိန်အတွယ်ပမာဏနှင့် အလေးချိန်မှန်ကန်စွာ ‌ဆောင်ရွက်ပေးခြင်းနှင့် ပြေစာအထောက်အထားများကို စနစ်တကျထားရှိခြင်း စသည့်စားသုံးသူကာကွယ်ရေးဥပဒေတွင်ပါရှိသည့် ပြစ်မှုပြစ်ဒါဏ်များကိုပါ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)