ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ကြက်သွန်နီဝင်ရောက်ရာဒေသများနှင့် ဈေးနှုန်းများ

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီးသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှဝင်ရောက်လာသည့် ကြက်သွန်နီများသည် အနောက်ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၏ ကွပ်ကဲမှုအောက်ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့  နေ့စဉ်မော်တော်ယာဉ်များဖြင့် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံများ၏  ကြက်သွန်နီလက်ကျန် အခြေအနေများကို အမှန်ကန်ဆုံးသိရှိနိုင်ရန်အတွက် ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ  ကြက်သွန်နီပွဲရုံ (၄၀) အနက် Random စနစ်ဖြင့် ပွဲရုံ (၁၀) ရုံအား မေးမြန်းချက်များအရလည်းကောင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ နေ့စဉ်ဝင်ရောက်မှုစာရင်းများအရလည်းကောင်း၊ ကြက်သွန်နီလက်ကျန်အခြေအနေအား နေ့စဉ်စုံစမ်းလျက်ရှိပါသည်။ ၂၀၂၄ခုနှစ်၊ မတ်လ (၁၉) ရက်နေ့မှ မတ်လ (၂၅) ရက်နေ့အထိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ မုံရွာ၊ မြစ်သား၊ တောင်တွင်းဒေသတို့မှ ကြက်သွန်နီ (၁၁၁၀၀၀၀) ပိဿာဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့် ပြန်လည်စီးထွက်မှုရှိကြောင်းသိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီလက်ကျန်မှာ (၄၄၄၀၀၀) ပိဿာကျန်ရှိကြောင်း ကုန်စည်ဒိုင်သတင်းအရသိရှိရသည်။ မြစ်သားကြက်သွန်နီ(အသစ်)တစ်ပိဿာဈေးနှုန်းများမှာ အချော ကျပ်၂၇၀၀၊ အသန့် ကျပ်၃၀၀၀၊ အကြီး ကျပ်၃၃၀၀၊ ရှယ် ကျပ်၃၃၀၀၊  ဆိပ်ဖြူကြက်သွန်နီ (အသစ်) ဈေးနှုန်းများမှာ အချော ကျပ်၁၈၀၀၊ အသန့် ကျပ်၂၁၀၀၊ အကြီး ကျပ်၂၃၀၀၊ ရှယ် ကျပ် ၂၄၀၀၊  တောင်တွင်းကြက်သွန်နီ (အသစ်) အချောတစ်ပိဿာလျှင် ကျပ် ၁၇၀၀၊ အသန့်တစ်ပိဿာလျှင် ကျပ် ၂၁၀၀၊ အကြီးတစ်ပိဿာလျှင် ကျပ်၂၂၀၀၊ ရှယ်တစ်ပိဿာလျှင် ကျပ်၂၃၀၀၊ မုံရွာကြက်သွန်နီ (အသစ်) အချောတစ်ပိဿာလျှင် ကျပ်၁၇၀၀၊ အသန့်တစ်ပိဿာလျှင် ကျပ်၁၉၀၀၊ အကြီးတစ်ပိဿာလျှင် ကျပ်၂၂၀၀၊ ရှယ်တစ်ပိဿာလျှင် ကျပ်၂၃၀၀ စသည်ဖြင့် ဈေးနှုန်းအသီးသီးရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)