မွန်ပြည်နယ် မော်လမြိုင်မြို့ကုန်စည်ဒိုင်မှ ရောင်းချသည့်ပဲမျိုးစုံနှင့် ဖြစ်ပေါ်နေသော ဈေးနှုန်းအခြေအနေ

Powered by Drupal

     ၂၀၂၄ခုနှစ်၊ မတ်လ (ပထမပတ်)အတွင်း ပဲမျိုးစုံများ၏ ဈေးနှုန်းအခြေအနေမှာ  ပဲတီစိမ်း(ရွှေဝါ) ၂၀ ပိဿာ (တစ်တင်း) ကျပ် ၇၅၀၀၀၊ ပဲတီစိမ်း၂၀ ပိဿာ (တစ်တင်း) ကျပ် ၅၈၀၀၀၊ မတ်ပဲ၂၀ ပိဿာ (တစ်တင်း) ကျပ် ၉၃၅၀၀၊ ပဲလွန်းဖြူ ၂၀ ပိဿာ(တစ်တင်း)ကျပ် ၆၃၀၀၀၊ ဘိုကိတ်၂၀ ပိဿာ (တစ်တင်း)ကျပ် ၇၀၀၀၀၊ ပဲပုပ်၂၀ပိဿာ(တစ်တင်း)ကျပ် ၆၀၀၀၀၊ မြေပဲ(အသစ်)၂၀ ပိဿာ (တစ်တင်း) ကျပ် ၁၆၂၀၀၀  ဈေးနှုန်းဖြစ်ပေါ်ခဲ့သည်။

     မတ်လ၏(စတုတ္တပတ်)အတွင်းတွင် ပဲတီစိမ်း(ရွှေဝါ) ၂၀ ပိဿာ (တစ်တင်း) ကျပ် ၇၀၀၀၀၊ ပဲတီစိမ်း၂၀ ပိဿာ (တစ်တင်း) ကျပ် ၅၈၀၀၀၊ မတ်ပဲ၂၀ ပိဿာ (တစ်တင်း) ကျပ်     ၉၂၀၀၀၊ ပဲလွန်းဖြူ ၂၀ပိဿာ(တစ်တင်း)ကျပ် ၆၃၀၀၊ ဘိုကိတ်၂၀ ပိဿာ (တစ်တင်း) ကျပ် ၆၀၀၀၀၊ ပဲပုပ်၂၀ပိဿာ(တစ်တင်း)ကျပ် ၆၀၀၀၀၊ မြေပဲ(အသစ်)၂၀ ပိဿာ (တစ်တင်း) ကျပ် ၁၅၂၀၀၀ ဈေးနှုန်းဖြစ်ပေါ်နေသည်။

     သို့ဖြစ်၍ မွန်ပြည်နယ်၏ မတ်လ(ပထမပတ်)နှင့် နှိုင်းယှဉ်ပါက စတုတ္တပတ်တွင် ပဲဈေးနှုန်းအခြေအနေမှာ (တစ်တင်း)ဈေးနှုန်းအရ ပဲတီစိမ်း(ရွှေဝါ) ၅၀၀၀ကျပ်၊  မတ်ပဲ ၁၅၀၀ကျပ်၊  မြေပဲ ၈၀၀၀ကျပ်ခန့် ဈေးနှုန်းကျဆင်းလာကြောင်းသိရပါသည်။ ထိုသို့ ပဲဈေးနှုန်းကျဆင်းရခြင်းသည် ပဲထွက်ရာသီချိန်ဖြစ်ကြောင်းနှင့် မော်လမြိုင်သို့ ပဲမျိုးစုံ ဝင်ရောက်မှုရှိနေခြင်းကြောင်းဖြစ်သည်ဟု သုံးသပ်ရပါ၍ ဈေးနှုန်းကျဆင်းကြောင်း သိရှိရပါသည်။

DOCA(မွန်)