အထက်မင်းလှမြို့နယ်၏ ဒေသထွက်ကုန်သိန်းသန်းစံပဲကြော်

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်း၊ ရေနံလုပ်ငန်း စသည့်စီးပွားရေးလုပ်ငန်းများကိုလုပ်ကိုင်ကြပြီး အထက် မင်းလှမြို့နယ်၌ စားသောက်ကုန်လုပ်ငန်းဖြစ်သော ပဲကြော်လုပ်ငန်းလုပ်ကိုင်ကြသည့် လုပ်ငန်းရှင်မှာ (၄)ဦး(၄)ဦးရှိသည့်အနက် သိန်းသန်းစံအမှတ်တံဆိပ်ဖြင့် ထုတ်လုပ်ရောင်းချသည့် ပဲကြော်လုပ်ငန်းမှာလည်း တစ်ခုအပါအဝင်ပင်ဖြစ်ပါသည်။

      သိန်းသန်းစံအမှတ်တံဆိပ်ဖြင့် ထုတ်လုပ်ရောင်းချသည့် သက်တမ်းမှာ (၆)နှစ်ခန့်ရှိပြီးဖြစ်ကြောင်း၊ ပဲကြော်လုပ်ငန်း၏ အဓိကကုန်ကြမ်းဖြစ်သောပဲကြီးကို မင်းလှမြို့ပေါ်ရှိပွဲရုံများမှ ဝယ်ယူကြောင်း၊ ဝယ်ယူရာ၌ ပဲကြီးတစ်တင်းလျှင် ကျပ်(၈၅၀၀၀)ပေးရကြောင်း၊ ဝယ်ယူပြီးသော ပဲကြီးများကို ပဲခွဲစက်ဖြင့်ကြိတ်ခွဲပြီး ရေစိမ်၍အခွံချွတ်ကာ ကြော်ရကြောင်း၊ ပဲကြီးကြော်ရာ၌ တစ်ပတ်တစ်ခါ အချိန်(၃၀)ပါ ပဲကြီး(၆)အိတ်ခန့်ကြော်ရကြောင်း၊ တစ်ခါကြော်လျှင် ဆီပိဿာ(၅၄)ပိဿာခန့်ကုန်ကျကြောင်း၊ ကြော်ပြီးနောက် ပဲကြီးများကို (၂၅)ကျပ်သား(၁)ထုပ်လျှင် ကျပ်(၂၂၀၀)၊ (၁) ပိဿာ(၁)ထုပ်လျှင် ကျပ်(၈၈၀၀)ဖြင့်ရောင်းချကြောင်း၊ ဈေးနှုန်းအနေဖြင့် တစ်ပတ်အတွင်း အတက်အကျရှိနိုင်သော်လည်း တက်နိုင်သမျှ စားသုံးသူပြည်သူများအတွက် ဈေးနှုန်းသက်သာစွာရောင်းချပေးလျက်ရှိကြောင်း၊ လုပ်အားအနေဖြင့်  ဝန်ထမ်း(၁၀)ဦးကို တစ်နေ့လျှင် ကျပ် (၄၀၀၀-၁၀၀၀၀)ဖြင့် ငှားရမ်းထားကြောင်း၊ အလှူပွဲများ၊ မင်္ဂလာဆောင်ပွဲများရှိသောလများတွင် ပဲကြော်မှာ ပိုမိုရောင်းချရကြောင်း၊  ပဲကြော်သာမက ပဲလှော်၊ နှစ်ပြန်ကြော်၊ မြေပဲကြော်များကိုလည်း ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် အထက်မင်းလှမြို့ပေါ်နှင့် ပတ်ဝန်းကျင်ကျေးရွာများကို အဓိကထားရောင်းချကြောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ လုပ်ငန်းမှတ်ပုံတင်ခွင့်ပြုချက်လည်းရရှိထားပြီးဖြစ်ကြောင်း အထက်မင်းလှမြို့ရှိ သိန်းသန်းစံအမှတ်တံဆိပ်ဖြင့် ထုတ်လုပ်ရောင်းချသည့် ပဲကြော်လုပ်ငန်းပိုင်ရှင် ဦးမြင့်ဌေးထံမှသိရှိရပါသည်။

DOCA(မကွေး)