“ 6 – Miniutes ငရုတ်မျိုးများစတင်ထွက်ရှိ”

Powered by Drupal

  မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိပြီး စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော ငရုတ်သီးနှံကိုလည်းစိုက်ပျိုးကြပါသည်။ ငရုတ်စိုက်ပျိုးမှု(၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် ကျပ်(၂၅)သိန်းခန့်ကုန်ကျကြောင်း၊ အများဆုံးစိုက်ပျိုးသော ငရုတ်မျိုးများမှာ 692၊ တိုးတိုးအောင်နှင့် 6-Miniutes ငရုတ်မျိုးတို့ဖြစ်ကြပါသည်။ 6-Miniutes ငရုတ်မျိုးများမှာ စတင်ထွက်ရှိနေပြီး ၇ရက်တစ်ကြိမ် ခူးဆွတ်ရကြောင်း၊ (၁)ဧက တစ်ကြိမ်ခူးဆွတ်လျှင် တင်း(၆၀)ခန့်ထွက်ရှိကြောင်း၊ ပိဿာအနေဖြင့် (၃၆၀)ပိဿာခန့်ထွက်ရှိကြောင်း၊ ငရုတ်သီးများဖြိုင်ဖြိုင်ထွက်ရှိပါက အထွက်နှုန်းပိုမိုထွက်ရှိလာမည်ဖြစ်ကြောင်း၊ ငရုတ်စျေးနှုန်းအနေဖြင့် ငရုတ်အစိုတစ်ပိဿာလျှင် (၁၈၀၀-၂၀၀၀)ကျပ်စျေးနှုန်းတို့ဖြင့်ရောင်းချရကြောင်း၊ ငရုတ်အစိုများကို စိုက်ခင်းများအထိ လာရောက်ဝယ်ယူသူများရှိသည့်အပြင် နီးစပ်ရာပွဲရုံများသို့လည်းရောင်းချရပါသည်။ ငရုတ်အထွက်နှုန်းနှင့် စျေးနှုန်းကောင်းမွန်ပါက အကျိုးအမြတ်များလည်း ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)