ပဲစဉ်းငုံဈေးနှုန်း မြှင့်တက်လျက်ရှိ

Powered by Drupal

    ပဲစဉ်းငုံသီးနှံမှာ မိတ္ထီလာဈေးကွက်၌ ဧပြီလ ဒုတိယအပတ်မှာ ယခင်အပတ်ထက် ဈေးမြှင့်လာကြောင်း သိရပါသည်။ မိတ္ထီလာခရိုင်အတွင်း၌ ပြည်ပပို့ကုန်သီးနှံတစ်မျိုးဖြစ်သည့် ပဲစဉ်းငုံကို မိတ္ထီလာ၊ ဝမ်းတွင်း၊ မလှိုင်၊ သာစည်(၄)မြို့နယ်လုံး စိုက်ပျိုးကြပြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်း ကျောက်ပန်းတောင်းမြို့နယ်ပြီးလျှင် ပဲစဉ်းငုံကို ဒုတိယအများဆုံး စိုက်ပျိုးသောဒေသဖြစ်ပါသည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် မိတ္ထီလာခရိုင်၌ ပဲစဉ်းငုံ စိုက်ဧက(၉၆၇၄၀) ဧက၊ ရိတ်ဧက (၉၆၇၄၀)၊ အထွက်နှုန်း (၆.၀၀) ၊ အထွက်တင်းပေါင်း (၅၈၀၂၇၇) ထွက်ရှိကြောင်း၊ ယခင်မတ်လဒုတိယအပတ်တွင် ဈေးကွက်အတွင်း၌ ပဲစဉ်းငုံ တစ်တင်းလျှင်(၁၁၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး၊ ယခင်လနှင့် ယခုလ နှိုင်းယှဉ်လျှင် (၁၃၀၀၀)ကျပ်ဈေး မြှင့်တက်လာကြောင်း သိရပါသည်။ ဈေးနှုန်းမြှင့်တက်လာရခြင်းမှာ ပြည်ပဝယ်လိုအား များလာခြင်းကြောင့် ဖြစ်ပြီး၊ ဈေးကွက်အနေဖြင့် ရန်ကုန်သို့ အဓိကတင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)